Connect with us

Hi, what are you looking for?

သတင်း

KNLA ပူးပေါင်းတပ် သိမ်ဇရပ်မြို့နယ်အတွင်း စစ်ဆေးရေးပြုလုပ်

သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - KRF)
(KNLA ပူးပေါင်းတပ်မှ ရဲဘော်များ စစ်ဆေးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - KRF)

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (သြဂုတ် ၁၈ရက်)နံနက် ၇ နာရီခန့်ကစ၍ နံနက် ၁၁နာရီခန့်အထိ သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီ တိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့တွင် စစ်ဆေးရေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“စစ်ဆေးမှုကို ပြည်သူတွေ တကယ်စိတ်ရင်းနဲ့ ပူးပေါင်း ပါဝင်ခဲ့တယ်။ပြီးတော့ ပြည်သူတွေပေးတဲ့ အစားအသောက်တွေက စခန်းကို ပြန်မသယ်နိုင်အောင်များ ပြားလွန်ခဲ့တယ်။စစ်ဆေးမှုအတွင်းမှာတော့ ထူးထူးခြားခြား မရှိခဲ့ပါဘူး”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အတူ ပြည်သူများ၏ဝမ်းပန်းတသာ နွေးထွေးစွာဖြင့်ကြိုဆိုသောအပြုံးများအား မြင်တွေ့ရသောကြောင့် အလွန်ပင်ကျေနပ်ပျော်ရွှင်ရကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ချောင်းနယ် ဝင်း၀ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်

သတင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်က စစ်တပ်ရဲ့ ခလရ(၂၈၅) တပ်ရင်းအနီး ကာကင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် အလိုကျထုတ်ပြန်တာဖြစ်ပြီး ပိုကျပ်တည်းအောင်ခြိမ်းခြောက်နေဟု ပြည်သူအချို့ပြော

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်