Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း

နှစ်နိုင်ငံကြား နယ်နိမိတ် စည်းအဖြစ် တရားဝင် မဟုတ်ဘဲ သတ်မှတ်ထားရာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ပြီး ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းက တရုတ် စစ်လေယာဉ် ၂၆ စီးလောက် ဖြတ်ပျံခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း
ထိုင်ဝမ်နဲ့ နယ်စပ်နားမှာ တစ်နေ့တည်း တရုတ်စ်လေယာဉ် အစီး ၄၀ ကျော် ပျံသန်း

နယ်စပ် သတ်မှတ် ဧရိယာကို တစ်နေ့တည်းတင် တရုတ်လေယာဉ် အစီး ၄၀ ကျော် ဖြတ်ပျံခဲ့ကြောင်း ထိုင်ဝမ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကြား နယ်နိမိတ် စည်းအဖြစ် တရားဝင် မဟုတ်ဘဲ သတ်မှတ်ထားရာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ပြီး ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ နေရာကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းက တရုတ် စစ်လေယာဉ် ၂၆ စီးလောက် ဖြတ်ပျံခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်ဝမ် ရေပိုင်နက် အလွန်မှာ ပြုလုပ်နေတဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ဆက်နွှယ်ပြီး နောက်ထပ် လေယာဉ် ၁၆ စီးလောက်က ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေးဇုန်ကို ဖြတ်ပျံခဲ့ပြန်ကြောင်း သိရပါတယ်။

တရုတ်က သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ လက်နက်ကိုင် တပ်တွေက အမှန်တကယ် တိုက်ပွဲဖြစ်လာရင် တိုက်ရည်ခိုက်ရည်အရ အသင့် ရှိမရှိ ဆိုတာကို ဆန်းစစ်ဖို့ ရည်ရွယ်ထားတာလို့ ပြောပါတယ်။ ထိုင်ဝမ်ကတော့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်လိုပြီး တာဝန်မဲ့လွန်းရာ ကျတယ်လို့ ဝေဖန် စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် စစ်လေယာဉ်တွေ အုံနဲ့ကျင်းနဲ့ ချဉ်းကပ် ပျံသန်းမှုကြောင့် ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက နိုးနိုးကြားကြား စောင့်ကြည့်ခဲ့ရကြောင်းလည်း သိရပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှီယီက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ ရေတပ်နဲ့ လေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုနဲ့ ကင်းလှည့်မှုတွေ ဩဂုတ် ၁၉ ရက်မှာ ပြုလုပ်ခဲ့ကြောင်း အတည်ပြုပေမယ့် ထိုင်ဝမ် လေပိုင်နက်နား စစ်လေယာဉ်တွေ အများအပြား စုဖွဲ့ ပျံသန်းခဲ့တယ်ဆိုတဲ့ ကိစ္စကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် အတိအလင်း သတ်မှတ်ထားပြီး ခွဲထွက်ဖို့ ပေါ်ပေါ်ထင်ထင် ကြိုးစားလာတာနဲ့ စစ်အင်အားသုံး သိမ်းယူဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတဲ့ ကျွန်းနိုင်ငံငယ်လေးကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။