Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်ကောင်စီတပ်က PDFယူနီဖောင်းဝတ်ပြီး ကျေးရွာစာသင်ကျောင်း မီးရှို့ဖျက်ဆီး

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ဧပြီ ၁၉ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဟု သိရသည်။

(ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)
(ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် PDF ယူနီဖောင်းဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သားများက ချီပါကျေးရွာရှိ စာသင်ကျောင်းမီးရှို့ဖျက်ဆီးပြီး ၎င်းတို့ပစ်ခတ်၍ ပြည်သူတစ်ဦး ကျည်ထိမှန်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဩဂုတ် ၂၀ရက်)နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်ရှိ ချီပါတောင်ရွာနှင့် မြောက်ရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။

၎င်းတို့ပစ်ခတ်မှုကြောင့် ချီ‌ပါမြောက်ရွာရှိ ပြည်သူတစ်ဦး ကျည်ထိမှန်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

နံနက် ၇နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ချီပါတောင်ရွာစာသင်ကျောင်း ပစ်ခတ်ဝင်ရောက်ကာ ဒေသခံအများအပြား ဖမ်းဆီး၍ ဖုန်းများသိမ်းဆည်းခဲ့ကြောင်း၊ ထို့အပြင် စာသင်ကျောင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အင်အား ၁၅၀ခန့်နဲ့ စစ်ကြောင်းထိုးလာတာ။ ရွှေဘိုအနောက်ဘက်ခြမ်း ချီပါရွာ၊ ကျည်ပွေ့ကုန်းရွာခံတွေ ရှောင်နေရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်က PDF ယူနီဖောင်းများ ဝတ်ဆင်၍ ချီပါတောင်ရွာနှင့် မြောက်ရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ချီပါတောင်၊မြောက်ကျေးရွာ၊မဲတောကျေးရွာနှင့် ကျည်ပွေ့ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူ ၈,၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

အလားတူ ဒီပဲယင်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ဧပြီ ၁၉ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်