Connect with us

Hi, what are you looking for?

သတင်း

သာကေတမြို့နယ် စစ်ကောင်စီ၏ ရေတပ်စခန်းဝင်းအနီး ဗုံးပေါက်

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

(သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်ရှိ ရေတပ်စခန်းဝင်း(ပုံအဟောင်းအသုံးပြုထားသည်)။ ဓါတ်ပုံ-CJ)
(သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်ရှိ ရေတပ်စခန်းဝင်း(ပုံအဟောင်းအသုံးပြုထားသည်)။ ဓါတ်ပုံ-CJ)

ရန်ကုန်မြို့ ၊ သာကေတမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ်စခန်းဝင်းအနီး ယမန်နေ့ (အောက်တိုဘာ ၃) ညပိုင်းက ဗုံးပေါက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် သာကေတမြို့နယ် အမှတ် (၄) ရပ်ကွက် ရှုခင်းသာလမ်းမကြီးပေါ်ရှိ Yangon Water Boom နှင့် စစ်တပ်၏ ရေတပ်စခန်းဝင်းအနီး တို့တွင် ဗုံးပေါက်ကွဲသံ တစ်ချက် ကျယ်လောင်စွာကြားခဲ့ရကြောင်း ယင်းမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

“ညက ၉ နာရီလောက်မှာ ရေတပ်ဝင်းဘက်က ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ အသံကတော်တော်ကျယ်တယ်။ ဒေါပုံဘက်ကသူတွေတောင် ကြားလိုက်ရတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ သေချာမသိရဘူး။ ယမုံနာလမ်းနဲ့ ရှုခင်းသာလမ်းတလျောက် လူနာတင်ယာဉ်တွေ၊ စစ်ကားတွေ သွားနေတာလည်း တွေ့လိုက်ရတယ်” ဟု သာကေတမြို့နယ်နေ ပြည်သူတစ်ဦးက​ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့ ည ၁၀ နာရီခန့်က တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားလိုက်ရကြောင်းလည်း တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook