Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်၌ အထိနာနေသည့်စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းမှ အင်အားဖြည့်တင်း

အောက်တိုဘာ ၁၃ရက်နံနက်ကလည်း ထီးချိုင့်မြို့နယ် ပျဉ်းစုရွာအနီးတွင် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့)
(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည်အထိ အထိနာပြီးနောက် စစ်ကောင်စီတပ်က ကုန်းလမ်းနှင့် ရေလမ်းမှအင်အားဖြည့်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

ထီးချိုင့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက် ညနေက ဆိုင်ကယ်များဖြင့်ထွက်လာသည့်စစ်ကောင်စီတပ်သားများနှင့် ရဲများအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်ဖမ်းမိကာ သေ‌နတ်သုံးလက်ကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ထီးချိုင့်ထဲက ကုန်းရော၊ ရေလမ်းကပါ ဝင်လာနေတယ်။ မနေ့ကဆို တည်တော တောင်ရိုးပေါ် ကင်းပုန်းဝပ်နေတဲ့ ၆၀လောက် တည်တောရွာထဲ ဆင်းလာတယ်။ မြို့ပေါ်မှာ ကုန်းလမ်းကနေ မသွားရဲလို့ မြတောင်ဆိပ်ကနေလည်း တခြားဆိပ်တွေကို သံခွန်နဲ့ ပို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်ကြောင်းမှတဆင့် အင်အားတိုးနေသည့် စစ်ကောင်စီတပ်က သင်္ဘောများပေါ်မှ မြစ်ကမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၉ရက်က တိုက်ခိုက်မှုမှာ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ်နေရာများအား အထိနာအောင် သုံးလဆက် တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်နှင့် ၂၁ရက်က ထီးချ်ိုင့်မြို့နယ်၊ကွင်းကြီးကျေးရွာအနီး တိုက်ပွဲတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီ တပ်ခွဲမှူးတစ်ဦး အရှင်ဖမ်းမိခဲ့သည်။

စက်တင်ဘာကလည်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီး တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့သည်။

အောက်တိုဘာ ၁၃ရက်နံနက်ကလည်း ထီးချိုင့်မြို့နယ် ပျဉ်းစုရွာအနီးတွင် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ် ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ရသည်။

အဆိုပါ ‌တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ခြောက်လောင်းထက်မနည်းသည် လမ်းပေါ်တွင် ပုတ်ပွနေသည်ကို အောက်တိုဘာ ၂၀ရက်အထိတွေ့ခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။