Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်၌ အထိနာနေသည့်စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းမှ အင်အားဖြည့်တင်း

အောက်တိုဘာ ၁၃ရက်နံနက်ကလည်း ထီးချိုင့်မြို့နယ် ပျဉ်းစုရွာအနီးတွင် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့)
(ချင်းတွင်းမြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ်က တွေ့ရသော စစ်ကောင်စီရေယာဉ်တစ်စီး။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည်အထိ အထိနာပြီးနောက် စစ်ကောင်စီတပ်က ကုန်းလမ်းနှင့် ရေလမ်းမှအင်အားဖြည့်နေပြီး ဒေသခံများ လုံခြုံရေးအထူးသတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးသည်။

ထီးချိုင့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက် ညနေက ဆိုင်ကယ်များဖြင့်ထွက်လာသည့်စစ်ကောင်စီတပ်သားများနှင့် ရဲများအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်ဖမ်းမိကာ သေ‌နတ်သုံးလက်ကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ထီးချိုင့်ထဲက ကုန်းရော၊ ရေလမ်းကပါ ဝင်လာနေတယ်။ မနေ့ကဆို တည်တော တောင်ရိုးပေါ် ကင်းပုန်းဝပ်နေတဲ့ ၆၀လောက် တည်တောရွာထဲ ဆင်းလာတယ်။ မြို့ပေါ်မှာ ကုန်းလမ်းကနေ မသွားရဲလို့ မြတောင်ဆိပ်ကနေလည်း တခြားဆိပ်တွေကို သံခွန်နဲ့ ပို့နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီမြစ်ကြောင်းမှတဆင့် အင်အားတိုးနေသည့် စစ်ကောင်စီတပ်က သင်္ဘောများပေါ်မှ မြစ်ကမ်းဘေးရှိ ကျေးရွာများကို ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၉ရက်က တိုက်ခိုက်မှုမှာ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ်နေရာများအား အထိနာအောင် သုံးလဆက် တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်နှင့် ၂၁ရက်က ထီးချ်ိုင့်မြို့နယ်၊ကွင်းကြီးကျေးရွာအနီး တိုက်ပွဲတွင် KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီ တပ်ခွဲမှူးတစ်ဦး အရှင်ဖမ်းမိခဲ့သည်။

စက်တင်ဘာကလည်း ထီးချိုင့်မြို့နယ် ကျောက်မှော်ကျေးရွာအနီး တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့သည်။

အောက်တိုဘာ ၁၃ရက်နံနက်ကလည်း ထီးချိုင့်မြို့နယ် ပျဉ်းစုရွာအနီးတွင် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ် ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ရသည်။

အဆိုပါ ‌တိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ခြောက်လောင်းထက်မနည်းသည် လမ်းပေါ်တွင် ပုတ်ပွနေသည်ကို အောက်တိုဘာ ၂၀ရက်အထိတွေ့ခဲ့ရကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။