Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၊ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး သေဆုံး

ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သည် ယခင်ကလည်း မြစ်အတွင်းကျွန်းပေါ်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(ဆီမီးခုံဆိပ်ကမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆီမီးခုံဆိပ်ကမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၁ ရက်) ညနေ ၅နာရီခန့်က ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သားများရှိရာ အဆောင် နှစ်ခုပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးချခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီး ဧရာဝတီမြစ်အနောက်ဘက်သို့ လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကူးတို့တဲကျေးရွာရှိဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ည ၈နာရီလောက်လည်း လက်နက်ကြီးတွေနဲ့ ထပ်ပစ်တယ်။ တော်တော်သေလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သည် ယခင်ကလည်း မြစ်အတွင်းကျွန်းပေါ်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဒရုန်းစစ်ဆင်ရေးကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ခြင်းကိုမူ လက်တလောထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယမန်နေ့ နံနက်ကလည်း ငါန်းဇွန် မြို့နယ် ကန်နီရွာအနီးရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကန်နီရွာသို့ ဆီမီးခုံမြို့မှ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

Facebook