Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ၊ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး သေဆုံး

ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သည် ယခင်ကလည်း မြစ်အတွင်းကျွန်းပေါ်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

(ဆီမီးခုံဆိပ်ကမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆီမီးခုံဆိပ်ကမ်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၁ ရက်) ညနေ ၅နာရီခန့်က ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သားများရှိရာ အဆောင် နှစ်ခုပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးချခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဒရုန်းကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ပြီး ဧရာဝတီမြစ်အနောက်ဘက်သို့ လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကူးတို့တဲကျေးရွာရှိဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ည ၈နာရီလောက်လည်း လက်နက်ကြီးတွေနဲ့ ထပ်ပစ်တယ်။ တော်တော်သေလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆီမီးခုံဆိပ်ကမ်းရှိ စစ်ကောင်စီတပ်သည် ယခင်ကလည်း မြစ်အတွင်းကျွန်းပေါ်ရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဒရုန်းစစ်ဆင်ရေးကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ခြင်းကိုမူ လက်တလောထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယမန်နေ့ နံနက်ကလည်း ငါန်းဇွန် မြို့နယ် ကန်နီရွာအနီးရှိ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီး ကန်နီရွာသို့ ဆီမီးခုံမြို့မှ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မီးကျည်နှစ်လုံးပြန်လည်ပစ်ခတ်

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။