Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

KNU အုပ်ချုပ်ရေးနယ်မြေ သထုံခရိုင်အတွင်းရှိ ရွှေလူတောင်ခြေတွင် အောက်တိုဘာ ၆ရက် ညနေပိုင်းက နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆို သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက် အောက်ခံတပ် KNLAနှင့် စစ်ကောင်စီတပ်တို့ ဘားအံမြို့နယ် ရွှေလူတောင်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။

KNU အုပ်ချုပ်ရေးနယ်မြေ သထုံခရိုင်အတွင်းရှိ ရွှေလူတောင်ခြေတွင် အောက်တိုဘာ ၆ရက် ညနေပိုင်းက နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆို သည်။

အောက်တိုဘာ ၃ရက်ကလည်း ဘားအံမြို့နယ် မီးပုံးကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီမောင်းနှင်လာသည့် ယာဉ်အား KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ​လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် စက်တင်ဘာလအတွင်းက တိုက်ပွဲများ ယခင်ထက် ပိုမိုပြင်းထန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလအတွင်းက တပ်မဟာ(၁)နယ်မြေ၌ တိုက်ပွဲ ၂၇ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၃ဦးသေဆုံးပြီး ၆၃ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။