ကရင်အမျိုးသားအစည်းအရုံး(KNU) လက် အောက်ခံတပ် KNLAနှင့် စစ်ကောင်စီတပ်တို့ ဘားအံမြို့နယ် ရွှေလူတောင်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်သည်။
KNU အုပ်ချုပ်ရေးနယ်မြေ သထုံခရိုင်အတွင်းရှိ ရွှေလူတောင်ခြေတွင် အောက်တိုဘာ ၆ရက် ညနေပိုင်းက နှစ်ဖက် ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆို သည်။
အောက်တိုဘာ ၃ရက်ကလည်း ဘားအံမြို့နယ် မီးပုံးကျေးရွာအနီး၌ အာဏာသိမ်းစစ်ကောင်စီမောင်းနှင်လာသည့် ယာဉ်အား KNLA က ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် စက်တင်ဘာလအတွင်းက တိုက်ပွဲများ ယခင်ထက် ပိုမိုပြင်းထန်ခဲ့သည်။
စက်တင်ဘာလအတွင်းက တပ်မဟာ(၁)နယ်မြေ၌ တိုက်ပွဲ ၂၇ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇၃ဦးသေဆုံးပြီး ၆၃ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

Public Service Announcement
