Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်​ရေယာဥ် ၆ စီးလုံးကို PDF များတိုက်ခိုက်သိမ်းယူ

ယင်းရေယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

(စစ်​ကောင်စီတပ်ထံမှ PDF များက သိမ်းယူခဲ့​သော ​ရေယာဥ်များနှင့် ​ရေယာဥ်​ပေါ်ပါ စက်ယန္တယားအချို့။ဓါတ်ပုံ-​ပေးပို့ )
(စစ်​ကောင်စီတပ်ထံမှ PDF များက သိမ်းယူခဲ့​သော ​ရေယာဥ်များနှင့် ​ရေယာဥ်​ပေါ်ပါ စက်ယန္တယားအချို့။ဓါတ်ပုံ-​ပေးပို့ )

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတွင်းသစ်နှင့်ဆီပေပါ များသယ်ဆောင်လာသော စစ်ကောင်စီ၏ တပ်ရေယာဉ်ခြောက် စီးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက သိမ်းယူလိုက်သည်။

ချင်းတွင်း မြစ်ကြောင်းအတိုင်းအထက်ဖက်မှ စုန်ဆင်းလာသော ကုန်တင်ရေယာဉ်နှစ်စီး(ဖလက်ယာဉ်)နှင့် တွန်းသင်္ဘော လေးစီးသည် ကနီမြို့နယ်တနေရာတွင် သောင်တင်နေစဉ် နိုဝင်ဘာလ ၆ရက်မှစ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ နိုဝင်ဘာလ ၈ ရက်တွင် ဖလက်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး နိုဝင်ဘာလ ၉ ရက်တွင် တွန်းသင်္ဘော လေးစီးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထပ်မံထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေယာဉ် ၆ စီးလုံးကို သိမ်းယူခဲ့သည်။ ရေယာဉ်များပေါ်၌ ကျွန်းသစ်အလုံးရေ ၂၀၀ ကျော်၊ ဆီပေပါ ၁၀၀ ကျော်၊ သစ်တင် ၁၂ ဘီးကားနှစ်စီးနှင့် အခြားစက်ပစ္စည်းအချို့ ပါသည်။

ယင်းရေယာဉ်များပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်လှေအသေးများဖြင့် မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ