Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်တွင်းစစ်​ရေယာဥ်နှစ်စီးကို PDF များတိုက်ခိုက်သိမ်းယူ

ကနီမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းကလည်း မြို့ပေါ်မှ စစ်ကောင်စီစခန်း သုံးနေရာထက်မနည်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့သေးသည်။

(သိမ်းဆည်းရရှိ​သော စစ်​ကောင်စီ​​ရေယာဥ်နှစ်စီး ထဲမှ တစ်စီးကိုတွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)
(သိမ်းဆည်းရရှိ​သော စစ်​ကောင်စီ​​ရေယာဥ်နှစ်စီး ထဲမှ တစ်စီးကိုတွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီ ​သ​ဘော်အုပ်စုမှ​ရေယာဥ် နှစ်စီးကို ယမန်နေ့ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

မော်လိုက်မြို့ဘက်မှ စုန်ဆင်းလာသော စစ်ကောင်စီ သင်္ဘာ(ဒေသအခေါ် ဖလက်မော်တော်ယာဉ်)ခုနစ်စီးသည် ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်တနေရာ၌ သောင်တင်‌နေစဉ် ယမန်နေ့( နိုဝင်ဘာလ ၆ရက်) နေ့လယ်မှစတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ကာ နာရီအနည်းငယ်အတွင်းသိမ်းယူခဲ့ခြင်းဖြစ်သည်။

“ဖလက်ပေါ်ကကောင်တွေက ထွက်ပြေးပြီး တခြားဖလက်ပေါ် သွားပေါင်းတယ်။ ထွက်လာတဲ့ကောင်တွေကို စနိုက်ဘာတဲ့ ဆော်တာ။ ဖလက်နှစ်စီးကို လွတ်ရာကို ဆွဲယူထားပါတယ်” ဟု မြေပြင်မှပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ယနေ့(နိုဝင်ဘာလ ၇ရက်) တွင် ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ သင်္ဘော ငါးစီးရှိနေသေးပြီး ဆက်လက် စုန်ဆင်းနေကြောင်း သတင်းရရှိသည်။

ကနီမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းကလည်း မြို့ပေါ်မှ စစ်ကောင်စီစခန်း သုံးနေရာထက်မနည်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement