Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်းတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်အား PDF တိုက်ခိုက်

ရိုးမဖြတ်လမ်း ခါချဥ်တောင် ပတ်ကွေ့ကြီးအဆင်း ရှောက်ပင်ချောင်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၁၀ ဦး​ခန့်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅)မှ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁နာရီတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် တွေ့ရသော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ပဲခူးရိုးမဖြတ်လမ်းတစ်နေရာတွင် တွေ့ရသော သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ ရဲဘော်အချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ မင်းလှမြို့နယ် မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်းတွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို လက်ဦးမှုယူတိုက်ခိုက်ခဲ့ရာ အထိနာသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးမဖြတ်လမ်း ခါချဥ်တောင် ပတ်ကွေ့ကြီးအဆင်း ရှောက်ပင်ချောင်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၁၀ ဦး​ခန့်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅)မှ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁နာရီတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နှစ်ယောက် သေတယ်ပြောတယ်။ အလောင်းပုံမရလို့။ အလောင်းနဲ့ လက်နက်ရအောင် အ တင်းဖိလိုက်တာကို ၈၀ နဲ့ ၁၂၀ မမနဲ့ပစ်လို့ ပြန်ဆုတ်ပေးလိုက်ရတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ် အထိနာသွားသဖြင့် တပ်ဆုတ်နိုင်ရန် ဟိုင်းယုလမ်းဆုံရှိ စစ် တပ်အထိုင်စခန်းမှ လက်နက်ကြီးများ ပစ်ကူပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အဆိုပါ ရှောက်ပင်ချောင်းတိုက်ပွဲအပြီး နိုဝင်ဘာ ၃၀ ရက် နံနက် ၄ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဥ်တစ်စီးဖြင့်လာရောက်၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၏ တပ်စခန်းတစ်ခုကို စက်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့​သည်။

“ပဲခူးအနောက်ခြမ်းမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့တိုက်တာ ပထမဆုံးပဲ။ ခုက သူတို့ဘက်က အထိနာလို့ လာပစ်တာဗျ”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဥ်ဖြင့် စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ချိန် ၅ မိနစ်ခန့်ကြာမြင့်ပြီး PDF ရဲဘော်များက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စခန်းအပါအဝင် လူထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook