Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ်တွင် ယ​နေ့ ပြည်သူခြောက်ဦးဖမ်းဆီးခံရ

ယမန်နေ့ညပိုင်းကလည်း လှိုင်မြို့နယ် (၁၃)ရပ်ကွက်တွင် ဖမ်းဆီးခံရသူအချို့ရှိခဲ့ပြီး ယမန်နေ့ညဦးပိုင်းက ယင်းမြို့နယ်အတွင်း ပေါက်ကွဲမှုသုံး ကြိမ်ဖြစ်ပွားခဲ့သည်။

People's Spring
People's Spring

လှိုင်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်းမှစတင်ကာ နေ့လယ်ပိုင်းအချိန်ထိ စစ်ကောင်စီတပ်များက ပြည်သူခြောက်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများကျူးလွန်သည့် ရပ်ကွက်များတွင် လှိုင်မြို့နယ် (၁)ရပ်ကွက် (၂)ရပ်ကွက်နှင့် (၁၀)ရပ်ကွက်များဖြစ်ပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားလေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် Hlaing Informationက ဖော်ပြသည်။

ဖမ်းဆီးမှုဖြစ်စဉ်များတွင် လှိုင်(၁)ရပ်ကွက် အောင်မင်္ဂလာ(၄)လမ်းမှ သုံးဦးကို နံနက် ၆ နာရီခန့်တွင်လည်းကောင်း (၂)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမှ ပြည် သူနှစ်ဦးကို နံနက် ၁ နာရီခန့်တွင်လည်းကောင်း (၁၀)ရပ်ကွက် မာဃာလမ်းမှ ပြည်သူတစ်ဦးကို မွန်းတည့် ၁၂ နာရီခန့်တွင်လည်းကောင်း အသီးသီးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညပိုင်းကလည်း လှိုင်မြို့နယ် (၁၃)ရပ်ကွက်တွင် ဖမ်းဆီးခံရသူအချို့ရှိခဲ့ပြီး ယမန်နေ့ညဦးပိုင်းက ယင်းမြို့နယ်အတွင်း ပေါက်ကွဲမှုသုံး ကြိမ်ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။