Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်အနောက်ခြမ်းတွင် စစ်​ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ပြီး ကျေးရွာနှစ်ရွာအားမီးရှို့ဖျက်ဆီး

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာနှစ်ရွာအား မီးရှိူ့ဖျက်ဆီးသွားကြောင်း​ဒေသခံများက​ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၅နာရီခွဲခန့်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ပိုဝ၊ စိန်ပန်းကုန်း၊ဆင်ကုန်း၊သမင်ခြံ၊ သူဌေးကုန်းရွာများသို့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဆင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

ထိုစစ်ကြောင်း ဝင်ရောက်မွှေနှောက်ခဲ့၍ ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးစစ်ကောင်စီတပ်သည် ထိုကျေးရွာများမှ ပစ္စည်းများကိုလည်း ကားကြီးကားငယ်များဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မတ္တရာဘက်က ရွာတွေကို မနေ့မနက်တည်းက စစ်ကြောင်းထိုးမီးရှို့နေတာ။စစ်ဘေးရှောင် ၂၀၀၀ ကျော်ပြီမတ္တရာက။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

ထို့အပြင် ထိုစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာတန်းရှည်နှင့် မိုးကြိုးရွာဘက်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ပြည်သူ ၁၇ ဦး၊ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြည်သူ ၇ ဦး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

အခြားသတင်းတစ်ရပ်မှာဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က မတ္တရာမြို့နယ်၊ ရွှေချောင်းပျူရွာရှိ ပျူစောထီးများစုဝေးနေထိုင်သော ပျူခေါင်းဆောင်၏ နေအိမ်အား မြနန္ဒါစစ်ဆင်ရေး(မန္တလေး)နှင့် ဒေသတွင်းPDFများက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ၍ တိုက်ခိုက်ခဲ့​သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။