Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်အနောက်ခြမ်းတွင် စစ်​ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ပြီး ကျေးရွာနှစ်ရွာအားမီးရှို့ဖျက်ဆီး

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာနှစ်ရွာအား မီးရှိူ့ဖျက်ဆီးသွားကြောင်း​ဒေသခံများက​ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၅နာရီခွဲခန့်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ပိုဝ၊ စိန်ပန်းကုန်း၊ဆင်ကုန်း၊သမင်ခြံ၊ သူဌေးကုန်းရွာများသို့ အင်အား ၈၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဆင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

ထိုစစ်ကြောင်း ဝင်ရောက်မွှေနှောက်ခဲ့၍ ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးစစ်ကောင်စီတပ်သည် ထိုကျေးရွာများမှ ပစ္စည်းများကိုလည်း ကားကြီးကားငယ်များဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မတ္တရာဘက်က ရွာတွေကို မနေ့မနက်တည်းက စစ်ကြောင်းထိုးမီးရှို့နေတာ။စစ်ဘေးရှောင် ၂၀၀၀ ကျော်ပြီမတ္တရာက။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

ထို့အပြင် ထိုစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာတန်းရှည်နှင့် မိုးကြိုးရွာဘက်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်က ပြည်သူ ၁၇ ဦး၊ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြည်သူ ၇ ဦး စုစုပေါင်း ၂၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)
(စစ်ကောင်စီတပ်က သူဌေးကုန်းနှင့် သမင်ခြံကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားစဥ်။ဓါတ်ပုံ-ရောင်နီနွေဦး)

အခြားသတင်းတစ်ရပ်မှာဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က မတ္တရာမြို့နယ်၊ ရွှေချောင်းပျူရွာရှိ ပျူစောထီးများစုဝေးနေထိုင်သော ပျူခေါင်းဆောင်၏ နေအိမ်အား မြနန္ဒါစစ်ဆင်ရေး(မန္တလေး)နှင့် ဒေသတွင်းPDFများက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ၍ တိုက်ခိုက်ခဲ့​သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။