Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်မြို့နယ် ဖိုလ်ဝင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်မှသေဆုံးမှုရှိ

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ယင်းမာပင် PDF တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို မဇ္ဇျိမသတင်းဌာနက ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမပင်မြို့နယ် ဖိုလ်ဝင်းတောင် အနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုရှိကြောင်း ကြားသိရသည်ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ ၈ခွဲကျော်လောက်မှာ ဟုတ်တယ်တဲ့။ ဘယ်လောက်အသေအပျောက်ရှိတယ်ဆိုတာကတော့ မသိရဘူး။ မိုင်းဆွဲပြီးတိုက်ခိုက်တာလို့တော့ သတင်းက အတိအကျရတယ်။ မုံရွာနဲ့ ယင်းမာပင်အကြားလို့ ပြောလို့ရတယ်။ ဖိုလ်ဝင်းတောင် အနီးလို့ ပြောရင် ပိုပြီး သဘာ၀ကျတယ်။ဖိုလ်ဝင်းတောင်သွားတဲ့ လမ်းဘေးမှာ ဖြစ်တာပဲ” ဟု ယင်းမာပင်ဒေသခံက ပြောသည်။

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်းထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ယင်းမာပင် PDF တပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်ကို မဇ္ဇျိမသတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုနောက်ပိုင်း၌ ပစ်ခတ်မှုများဖြစ်ခဲ့၍ လမ်းသွားလမ်းလာအချို့ကို စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်က ယာယီတားဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီဘက်အခြေအနေကတော့ တပ်ကုန်းကနေ ပြန်လာပြီး ငုတ်တုပ်ထိုင်ခိုင်းပြီး စစ်သားတွေက ကျွန်တော့်ကို ပြောလိုက်တာက နောက်ရက် စျေးဝယ်တို့ မုံရွာဘက်သွားတာတို့ အဲဒါမျိုးတွေလုံး၀မလာဖို့ရာ ကျွန်တော်တို့ကို ပြောလွတ်လိုက်တာပဲ။ ရွှေတောင်ဦး ဂိတ်ကနေ လာသမျှ ဆိုင်ကာတွေ အကုန်စီးတားပြီး နောက်ရက်ကို စျေးဝယ် တို့ ထမင်းကျန်ဟင်းကျန်အယူ၊ နွားစာရိတ်တာတို့အဲဒါမျိုးတွေ မလာကြဖို့ရာ ပြောတာ” ဟု ဒေသခံက ပြောသည်။

ယင်းမာပင်အပါအဝင် စစ်ကိုင်းတိုင်းရှိ မြို့နယ်များ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ယာဉ်တန်းများမကြာခဏ မိုင်းဆွဲတိုက်ခိုက် ခံရကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။