Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ရဲ့ ပုဂ္ဂလိကပိုင် ဒုံးပျံ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီး

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

ဂျပန်ရဲ့ ပုဂ္ဂလိကပိုင် ဒုံးပျံ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီး
ဂျပန်ရဲ့ ပုဂ္ဂလိကပိုင် ဒုံးပျံ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲပျက်စီး

ဂျပန် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက လွှတ်တင်ခဲ့တဲ့ ဒုံးပျံဟာ လွှတ်တင်ပြီး စက္ကန့်ပိုင်း အကြာမှာပဲ ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

NHK သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တဲ့ ဗီဒီယိုမှာတော့ တိုကျို အခြေစိုက် Space One ကုမ္ပဏီက လွှတ်တင်တဲ့ ဒုံးပျံဟာ စိတ်ပျက်စရာ အခြေအနေဆိုးနဲ့ အဆုံးသတ်သွားတာကို တွေ့မြင်ခဲ့ရပါတယ်။ Space Oneဟာ အာကာသထဲကို ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်တဲ့ ပထမဆုံး ဂျပန် ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်း ကြိုးစားခဲ့တာပါ။

၁၈ မီတာ အမြင့်ရှိတဲ့ Kairos ဒုံးပျံဟာ ဝါကာယာမာမှာ ရှိနေတဲ့ ပစ်စင်ကနေ ပျံတက်ပြီး ၅၁ မိနစ် အကြာမှာ အာကာသထဲကို စမ်းသပ်အဆင့် ဂြိုဟ်တုတစ်လုံး ပို့ဆောင်နိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုံးပျံ ပျံတက်ပြီး စက္ကန့်ပိုင်း အတွင်းမှာတင် ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ဒုံးပျံ အပျက်အစီးတွေဟာ အနီးတဝိုက် တောင်စောင်းတွေဆီ တဖွဲဖွဲ ကျဆင်းလာတာကိုလည်း တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ Space Oneက ဒုံးပျံ မီးလောင်ပေါက်ကွဲမှု နောက်ဆက်တွဲ အခြေအနေတွေကို ထိန်းသိမ်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ အမှားအယွင်း ကြုံခဲ့တာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ကြေညာပါတယ်။ အခုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဂြိုဟ်တုတွေကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်တဲ့ ဒုံးပျံမှာ လူလိုက်ပါမှု မရှိသလို ဒုံးပျံ ပစ်စင်တဝိုက်မှာလည်း လူတွေကို ရှင်းလင်းထားလေ့ ရှိပါတယ်။ အခုလို လွဲချော်မှု ဖြစ်သွားခြင်းက အနာဂတ်ကာလမှာ အမြတ်အစွန်း ကြီးမားလာနိုင်တဲ့ အာကာသ စူးစမ်းလေ့လာမှု ပုဂ္ဂလိက စီးပွားရေး နယ်ပယ်ထဲ ခြေလှမ်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန်အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကာ: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။