Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ရေကြီးမှုတွေကြောင့် လူပေါင်း ၂ သန်းနီးပါး ရွှေ့ပြောင်းရ

ပြီးခဲ့တဲ့ သီတင်းပတ်က ရှန်စီးဒေသမှာ မိုးသည်းသည်းထန်ထန် နေ့စဉ်ရက်ဆက် ရွာသွန်းပြီး နေရာအနှံ့ ရေကြီးခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ခရိုင်ပေါင်း ၇၀ လောက်မှာလည်း မြေပြိုမှု သတင်းတွေ ကြားခဲ့ရပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ ၂ သန်းနီးပါး ရှိခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရှန်စီးဒေသမှာ မိုးသည်းသည်းထန်ထန် နေ့စဉ်ရက်ဆက် ရွာသွန်းပြီး နေရာအနှံ့ ရေကြီးခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ခရိုင်ပေါင်း ၇၀ လောက်မှာလည်း မြေပြိုမှု သတင်းတွေ ကြားခဲ့ရပါတယ်။

ရေကြီးမှုတွေကြောင့် ရှန်စီးမှာ လူပေါင်း ၁.၈ သန်းလောက်ကို အရေးပေါ် ပြောင်းရွှေ့မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။ နေ့စဉ်ရက်ဆက် ရွာသွန်းနေတဲ့ မိုးကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံ၊ ဟီနန်ဒေသမှာ ရေကြီးမှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး ၃ လနီးပါး အကြာမှာ အခုလို အခြေအနေတွေ ထပ်ကြုံလာရတာပါ။ ရှန်စီးမှာ ရေကြီးမှုတွေကြောင့် အိမ်ခြေ ၂ သောင်း နီးပါးလောက် ပြိုကျ ပျက်စီးမှုတွေ ကြုံခဲ့တယ်လို့လည်း တရုတ် မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အသေအပျောက် စာရင်းတွေ အတိအကျ ထွက်မလာသေးပေမယ့် မြေပြိုမှုတွေအတွင်း တရုတ် ရဲအရာရှိ ၄ ဦး သေဆုံးသွားကြောင်း အစိုးရပိုင် Global Times သတင်းစာက ဆိုပါတယ်။ ရှန်စီးက ရေကြီးမှုတွေဟာ ဟီနန်မှာ ကြုံခဲ့တာတွေထက်တောင် ပိုဆိုးရွားနိုင်တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆိုပါတယ်။

ရှန်စီးဒေသရဲ့ မြို့တော် တိုင်ယွမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က မိုးရေချိန် ၁၈၅.၆ မီလီမီတာထိ ရွာသွန်းခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်ကြား အောက်တိုဘာ လတွေမှာ တိုင်ယွမ်ရဲ့ ပျမ်းမျှ မိုးရေချိန်ဟာ ၂၅ မီလီမီတာ ဝန်းကျန်သာ ရှိပါတယ်။

ရှန်စီးမှာ တရုတ်ရှေးဟောင်း အမွေအနှစ် လက်ရာ အဆောက်အအုံတွေ တော်တော်များများ ရှိနေပြီး မိုးသည်းထန်မှု၊ ရေကြီးမှုတွေကြောင့် ထိခိုက်ပျက်စီးလာမှာ စိုးရိမ်နေရကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။