Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ကားရှစ်စီးကို PDF မီးရှို့ဖျက်ဆီး

ကားအစီးရေ ၁၀၀ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး မတ်လ ၂၃ရက်တွင် ကမ္မမြို့သို့ ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်မီ PDFများက စတင်တိုက်ခိုက်ခဲ့ကြသည်။

(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​ တွေရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်။ ဓာတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​ တွေရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်။ ဓာတ်ပုံ-CJ)

ဆလိုင်းမာန်အောင်/People’s Spring

ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းမှ ရိက္ခာတင်ယာဥ် ရှစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက မီးရှို့ဖျက်စီးလိုက်ကြောင်း သတင်းရရှိသည်။

ကားတွေကို လမ်းမတွေပေါ်ရပ်ပြီး ရွာတွေထဲကိုဝင်ပြီးစစ်ကြောင်းထိုးတာ။ အဲဒီကားတွေကို ကာကွယ်ရေးအဖွဲ့တွေက သိမ်းဖိုးကြိုးစားတာ။ ရိက္ခာတွေသယ်ဖို့လည်း ကြိုးစားပေမယ့် လုံခြုံရေးအခြေအနေအရ မရခဲ့ဘူး။ ဒါကြောင့် မီးရှို့ဖျက်ဆီးခဲ့လိုက်တာ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကားအစီးရေ ၁၀၀ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး မတ်လ ၂၃ရက်တွင် ကမ္မမြို့သို့ ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်မီ PDFများက စတင်တိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယာဥ်တန်းထွက်ခွာလာသည့် ၁၃ရက်မြောက်နေ့တွင် ပေါက်မြို့နယ်အထွက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ပေါက်မြို့နယ်နှင့်ကမ္မမြို့ကြား၌ ၁၀ရက်နီးပါး ပိတ်ဆို့တိုက်ခိုက်ခံရပြီး စစ်ကောင်စီစစ်ကြောင်း အထိနာသည်ဟု သတင်းရရှိသည်။

” ကားတွေမီးရှို့တာလည်း မှတ်တမ်းတွေယူထားတယ်။ ဒီစစ်ကြောင်းမှာ သေတာလည်း ရာဂဏန်းကိုရှိနေပြီလို့ ကြားတယ်။ စစ်ကြောင်းက စုစည်းလို့မရဘဲ ဖရိုဖရဲဖြစ်နေတာ”ဟု မြေပြင်တိုက်ပွဲဝင်နေသည့် ကာကွယ်ရေးရဲဘော်များနှင့် ဆက်သွယ်မှုရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းမှ ဗိုလ်တစ်ဦးနှင့် တပ်သားသုံးဦးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း ဗိုလ်ကြီးဟိန်းထိုက်ကို နှင့် တပ်သား လေးဦးထပ်မံထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ထိုအပြင် စစ်ကောင်စီစစ်ကြောင်းသည် မိုင်းအန္တရာယ်ကြောက်လန့်ကာ မူလလမ်းဟောင်းအတိုင်းမသွားရဲတော့ဘဲ ဘူဒိုဇာများအသုံးပြုု၍ ပေါက်မြို့နယ် ၊ရေပြာရွာဘက်သို့ရှောင်ကွင်းလမ်းဖောက်လုပ်၍ ရှေ့ဆက်တိုးနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီယာဉ်တန်း၌ ယောဒေသနှင့် ချင်းတောင်ရှေ့စစ်ကောင်စီစခန်းများသို့ ပေးပို့မည့် ဒရုန်းများသယ်ဆောင်လာသည်ဟု သိရသည်။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန်ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့ကိုကျော်လွန်ပါက ကျောက်ထုမြို့သို့ရောက်ရှိမည်ဖြစ်သည်။ ယင်းမှတဆင့် ချင်းတောင်သို့ တက်နိုင်သလို ယောဒေသဘက်သို့လည်း သွားရောက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်များက မှန်းဆထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။