Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေကို ရုရှားအလိုကျ တရုတ်က နှောင့်ယှက်နေတယ်လို့ ဇီလန်စကီး ဝေဖန်

တရုတ်လိုမျိုး တောင့်တင်းအားကောင်းတဲ့၊ လွတ်လပ်တဲ့၊ ဩဇာကြီးမားတဲ့ နိုင်ငံမျိုးက ပူတင် အလိုကျ အသုံးတော်ခံနေတဲ့ အခြေအနေမျိုး မြင်ရတာကို စိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်း ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေကို ရုရှားအလိုကျ တရုတ်က နှောင့်ယှက်နေတယ်လို့ ဇီလန်စကီး ဝေဖန်
ယူကရိန်း ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတွေကို ရုရှားအလိုကျ တရုတ်က နှောင့်ယှက်နေတယ်လို့ ဇီလန်စကီး ဝေဖန်

ယူကရိန်းမှာ အပစ်အခတ် ရပ်စဲနိုင်ရေး စုပေါင်းဆွေးနွေးမယ့် အစည်းအဝေး တစ်ခုကို တခြားနိုင်ငံတွေ မတက်ရောက်ဖြစ်အောင် ရုရှားအလိုကျ တရုတ်က ဖိအားပေးနေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန် စွပ်စွဲသွားခဲ့ပါတယ်။

အခုလကုန်ပိုင်းကျရင် ဆွစ်ဇာလန်မှာ ကျင်းပမယ့် အဲဒီ ဆွေးနွေးပွဲဟာ ရုရှားရဲ့ ကျူးကျော်စစ်ဒဏ် ခံနေရတဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

အာရှတိုက်ရဲ့ အကြီးမားဆုံး လုံခြုံရေး ညီလာခံဖြစ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲ တက်ရောက်ရင်း စင်ကာပူကို ရောက်နေတဲ့ အချိန်မှာ ဇီလန်စကီးက တရုတ်ကို ဝေဖန်ခဲ့သလို အာရှ-ပစိဖိတ် ရပ်ဝန်းက နိုင်ငံတွေ အနေနဲ့လည်း ဆွစ်ဇာလန်က ဆွေးနွေးပွဲကို ထောက်ခံ တက်ရောက်ပေးကြဖို့ တိုက်တွန်းသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ကြံ့ကြံ့ခံ အားမွေးရင်း ရုရှားလိုမျိုး ကျူးကျော်သူ နိုင်ငံတွေကို ဆက်တိုက် ဖိအားပေးနေဖို့ လိုတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ရပ်တန့်ဖို့ ဆိုတာဟာ နိုင်ငံတကာရဲ့ သံတမန်ရေးရာ ဖိအားပေးဖို့နဲ့ ယူကရိန်းရဲ့ စစ်အင်အားကို ဖြည့်တင်းပေးဖို့ ဆိုတာကလွဲပြီး တခြားနည်းလမ်း မရှိကြောင်း၊ ကမ္ဘာကြီးဟာ ရုရှားနဲ့ ယူကရိန်းကြားမှာ ဘက်ရွေးစရာ မလိုဘဲ နိုင်ငံတကာ တရားမျှတမှုနဲ့ ဥပဒေတွေကို စောင့်ရှောက်ပေးရင် လုံလောက်ပြီဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူမှာ မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ ဇီလန်စကီးက တရုတ်ဟာ ရုရှားအလိုကို လိုက်ပြီး တချို့နိုင်ငံတွေကို ဆွစ်ဇာလန် ဆွေးနွေးပွဲ မတက်ရောက်အောင် သွယ်ဝိုက် ဖိအားပေးနေတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ရုရှားဟာ တရုတ်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ တရုတ် သံတမန်တွေကို အသုံးချပြီး အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နှောင့်ယှက်ဖို့ အစွမ်းကုန် လုပ်ဆောင်နေကြောင်း၊ ဝမ်းနည်းဖို့ ကောင်းတာက တရုတ်ကလည်း ရုရှား အလိုကျ လက်ခံပေးထားတာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

တရုတ်လိုမျိုး တောင့်တင်းအားကောင်းတဲ့၊ လွတ်လပ်တဲ့၊ ဩဇာကြီးမားတဲ့ နိုင်ငံမျိုးက ပူတင် အလိုကျ အသုံးတော်ခံနေတဲ့ အခြေအနေမျိုး မြင်ရတာကို စိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက်ပိုင်း စစ်ပွဲရပ်ဆိုင်းရေးကိစ္စ တရုတ်အကူအညီကို ယူနိုင်ဖို့ အစိုးရအဆင့် အမျိုးမျိုးကို ဆက်သွယ်ဖို့ ကြိုးစားစေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ဇီလန်စကီးက ဝန်ခံသွားပါတယ်။ သူဟာ ရှန်ဂရီလာ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တရုတ် ကိုယ်စားလှယ် အစုအဖွဲ့နဲ့လည်း မဆွေးနွေးဖြစ်သေးပါဘူး။

ဇွန်လ ၂ ရက်နေ့တုန်းကတော့ အဲဒီဆွေးနွေးပွဲကို ရောက်လာတဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ကျန်က သူ့နိုင်ငံဟာ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းမှုတွေမှာ ဖြောင့်မှန်တဲ့ သဘောထား မူဝါဒတွေကိုသာ အမြဲတမ်း လက်ကိုင်ပြုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။