Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်း ဆုံးသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ၍ နောက်ပြန်ဆုတ်သွားကြောင်း တပ်ရင်း(၃၆၀၁) က အသိပေးသည်။

(ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)မှ ရဲဘော်များ အား တောတွင်းတစ်နေရာတွင်တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)မှ ရဲဘော်များ အား တောတွင်းတစ်နေရာတွင်တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ကုန်းအုပ်စုမှတဆင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့ကြောင်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁(PPDF)မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

ဇွန် ၁ရက် နေ့လယ် ၁ နာရီခွဲခန့်က အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တောင်ပေါ်ကြို့ကုန်းအုပ်စု၊ မကျီးစမ်းရွာမှ သိမ်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တပ်ရင်း ၃၆၀၁(PPDF)၊ တပ်ခွဲ (၂)မှ ပြင်ကြီးရွာနှင့် ကျောက်ကြီးတောင်ကြား၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုနောက် ၎င်းစစ်ကြောင်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားအချို့ကို ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၄)မှရဲဘော်များက ရန်သူ့တပ်များ မိုင်းကွင်းထဲအရောက်တွင်ပဒေသာမိုင်းကြီး သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်းများ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇွန် ၁ရက် ည ၈ နာရီ ၄၅မိနစ်ခန့်တွင်လည်း အထက်ပါ စစ်ကောင်စီတပ်စစ် ကြောင်းမှ တပ်သားများ ဓာတ်မီးကိုယ်စီဖြင့် ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များက ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်း ဆုံးသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ၍ နောက်ပြန်ဆုတ်သွားကြောင်း တပ်ရင်း(၃၆၀၁) က အသိပေးသည်။

“အခုလက်ရှိ မကျီးစမ်းဘက်ကို နောက် ကြောင်း ပြန်ဆုတ်သွားတယ်ဗျ။ အဲမှာ ဒဏ် ရာရတဲ့သူတွေကို သယ်သွားတယ် ပုခက်တွေနဲ့ ထမ်းပြီးတော့”ဟု တပ်ရင်း ၃၆၀၁(PPDF)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အထက်ပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးများကာ အထိနာသွားသဖြင့် လက်နက်ငယ်များဖြင့် ရမ်းသမ်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်းကလည်း ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား လေးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃၅ဦးထက်မနည်းသေဆုံး၍ PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။