Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၅ နယ်​မြေတွင် လဝက်အတွင်းတိုက်ပွဲ ၆၆ ကြိမ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)ကသတင်းထုတ်ပြန်သည်။

KNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-EPA

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ တွင် ဇူလိုင်လအတွင်းတိုက်ပွဲ ၆၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)ကသတင်းထုတ်ပြန်သည်။

ဇူလိုင် ၁ရက်မှ ၁၅ရက်နေ့အထိစစ်ကောင်စီတပ် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်များအကြား တိုက်ပွဲ ၆၆ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ဟု ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဗိုလ် အဆင့် အရာရှိတစ်ဦး ပါဝင်သည်ဟု အသိပေးသည်။ တိုက်ပွဲအတွင်း KNLA တပ်မဟာ(၅)ဘက်က ရဲဘော် ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိုအပြင်စစ်ကောင်စီ တပ်စခန်း အချို့လည်း မီးလောင် ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က မြင်းလားတစ်ကောင် သေဆုံးခဲ့ပြီးဟုဆိုသည်။

KNLAတပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ ဦးသေဆုံးကာ တပ်မဟာ(၅)ဘက်က ၂ဦး ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။