Connect with us

Hi, what are you looking for?

ဗီဒီယို

“လက်ရှိ စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့နိုင်ငံရေးပါတီတွေကလည်း စစ်အုပ်စု ထားရာနေ၊ စေရာသွား အစီအမံနဲ့ သွားနေကြတာ”

အာဏာကို အဓမ္မရယူထားတဲ့ စစ်အုပ်စုလက်အောက်မှာ စစ်အုပ်စုကခန့်အပ်ထားတဲ့ကော်မရှင်နဲ့ ကျွန်တော်တို့ဆက်စပ်ပြီးတော်အလုပ်လုပ်ဖို့အကြောင်းမရှိဘူး။

လက်တွေ့နိုင်ငံရေးအခြေအနေအရ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ဘာမှမရှိတော့ဘူး၊ လက်ရှိ စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့နိုင်ငံရေးပါတီတွေကလည်း စစ်အုပ်စု ထားရာနေ၊ စေရာသွား အစီအမံနဲ့ သွားနေကြတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဿက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“အာဏာကို အဓမ္မရယူထားတဲ့ စစ်အုပ်စုလက်အောက်မှာ စစ်အုပ်စုကခန့်အပ်ထားတဲ့ကော်မရှင်နဲ့ ကျွန်တော်တို့ဆက်စပ်ပြီးတော်အလုပ်လုပ်ဖို့အကြောင်းမရှိဘူး။
သူတို့နဲ့ဆက်စပ်ပြီးတော့အလုပ်လုပ်တာဟာ တနည်းအားဖြင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ စစ်အုပ်ချုပ်ရေးကို လက်ရှိအာဏာကိုအဓမ္မရယူထားတာကို အသိအမှတ်ပြောတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် စစ်အုပ်စုသော်လည်းကောင်း စစ်အုပ်စုက ခန့်အပ်ထားတဲ့ကော်မရှင်နဲ့သော်လည်းကောင်း ဆက်စပ်ပြီးအလုပ်လုပ်စရာမရှိဘူး” လို့ ဦးအောင် မိုးဇော်က ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၄ ရက်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်တဲ့ ၃၃ နှစ်ပြည့်နှစ်ပြည့်ဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကို လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook