Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

“လက်ရှိ စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့နိုင်ငံရေးပါတီတွေကလည်း စစ်အုပ်စု ထားရာနေ၊ စေရာသွား အစီအမံနဲ့ သွားနေကြတာ”

အာဏာကို အဓမ္မရယူထားတဲ့ စစ်အုပ်စုလက်အောက်မှာ စစ်အုပ်စုကခန့်အပ်ထားတဲ့ကော်မရှင်နဲ့ ကျွန်တော်တို့ဆက်စပ်ပြီးတော်အလုပ်လုပ်ဖို့အကြောင်းမရှိဘူး။

လက်တွေ့နိုင်ငံရေးအခြေအနေအရ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ ဘာမှမရှိတော့ဘူး၊ လက်ရှိ စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့နိုင်ငံရေးပါတီတွေကလည်း စစ်အုပ်စု ထားရာနေ၊ စေရာသွား အစီအမံနဲ့ သွားနေကြတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဿက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“အာဏာကို အဓမ္မရယူထားတဲ့ စစ်အုပ်စုလက်အောက်မှာ စစ်အုပ်စုကခန့်အပ်ထားတဲ့ကော်မရှင်နဲ့ ကျွန်တော်တို့ဆက်စပ်ပြီးတော်အလုပ်လုပ်ဖို့အကြောင်းမရှိဘူး။
သူတို့နဲ့ဆက်စပ်ပြီးတော့အလုပ်လုပ်တာဟာ တနည်းအားဖြင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ စစ်အုပ်ချုပ်ရေးကို လက်ရှိအာဏာကိုအဓမ္မရယူထားတာကို အသိအမှတ်ပြောတဲ့သဘော သက်ရောက်တယ်။ ဒါကြောင့် စစ်အုပ်စုသော်လည်းကောင်း စစ်အုပ်စုက ခန့်အပ်ထားတဲ့ကော်မရှင်နဲ့သော်လည်းကောင်း ဆက်စပ်ပြီးအလုပ်လုပ်စရာမရှိဘူး” လို့ ဦးအောင် မိုးဇော်က ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၄ ရက်ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်တဲ့ ၃၃ နှစ်ပြည့်နှစ်ပြည့်ဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကို လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။