Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျမှာ ဟိုတယ်ကို ရဟတ်ယာဉ် ဝင်တိုက်၊ လေယာဉ်မှူး သေဆုံး

ဩစတြေးလျမှာ ဟိုတယ်တစ်လုံးပေါ်ကို ရဟတ်ယာဉ်က ဝင်တိုက်ခဲ့ရာက လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၁၂ ရက် မနက်အစောပိုင်းတုန်းက ကွင်းစလန်းပြည်နယ် မြောက်ပိုင်း၊ ကဲန်စ်စီးတီး မြို့ထဲမှာ Hilton ဟိုတယ်အုပ်စုက ဖွင့်လှစ်ထားတဲ့ DoubleTree ဟိုတယ် အဆောက်အအုံရဲ့ အမိုးကို ရဟတ်ယာဉ်က ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်ကြောင့် ဟိုတယ် အဆောက်အအုံရဲ့ အစိတ်အပိုင်းတချို့ မီးစွဲလောင်ခဲ့သလို ဧည့်သည် ရာဂဏန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ လေယာဉ်မှူး တစ်ဦးတည်း လိုက်ပါလာခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သက်ကြီးပိုင်း အမျိုးသား အမျိုးသမီး ဧည့်သည်နှစ်ဦးကတော့ ဆေးရုံတင်ပို့ထားရပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကွင်းစ်လန်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ လေကြောင်းလုံခြုံရေး အာဏာပိုင်တွေက ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲလို့ ကြေညာထားပါတယ်။ ရဟတ်ယာဉ်ကို စင်းလုံးငှား ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကတော့ အဲဒီ ရဟတ်ယာဉ်ဟာ ခွင့်ပြုချက် မရှိတဲ့ ခရီးစဉ်ကို ပျံသန်းခဲ့တာလို့ ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

မျက်မြင်တစ်ဦးက ရဟတ်ယာဉ်ဟာ မိုးတွေ ရွာနေတဲ့အချိန် အရမ်းနိမ့်နိမ့် ပျံသန်းလာခဲ့တဲ့နောက် ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ဟိုတယ် အဆောက်အအုံကို ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။ ရဟတ်ယာဉ်ဟာ မတော်တဆ ပျက်ကျခဲ့တာလား၊ ဟိုတယ်ကို လေယာဉ်မှူးက တမင်ဝင်တိုက်ခဲ့တာလား ဆိုတာကိုတော့ မသိရသေးပါဘူး။

ကွင်းစ်လန်းပြည်နယ် ရှေ့နေချုပ်ရုံးက အခင်းဖြစ်တဲ့ နေရာဆီ ရာဇဝတ်မှုခင်း စုံထောက်တွေပါ စေလွှတ်ခဲ့ပြီး ဟိုတယ်နဲ့ အနီးတဝိုက် လမ်းတွေကိုလည်း ယာယီ ပိတ်ထားလိုက်ပါတယ်။

ကဲန်စီးတီးဟာ ဩစတြေးလျရဲ့ နာမည်ကျော် မဟာ သန္တာကျောက်တန်းကြီးနဲ့ ခပ်နီးနီး တည်ရှိနေတာကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ရေပန်းစား လူသိများတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။