Connect with us

Hi, what are you looking for?

သတင်း

ကျိန္တလီမြို့ကို AAသိမ်းယူ

ရခိုင်ပြည်နယ်၊ သံတွဲနှင့်ဂွမြို့ကြားရှိ ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တမြို့လုံးအား AAက ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြင့်များနှင့် ဒေသခံအချို့ကပြောသည်။

ကျိန္တလီမြို့ ဝင်ဆိုင်းဘုတ် (ဓါတ်ပုံ- CJ)

မိထက်/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲနှင့်ဂွမြို့ကြားရှိ ကျိန္တလီမြို့မှ စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တမြို့လုံးအား AAက ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြင့်များနှင့် ဒေသခံအချို့ကပြောသည်။

ကျိန္တလီမြို့တွင် ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ချင်းကွင်းကျေးရွာ၌တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁၂ရက် နှင့် ၁၃ရက်တွင် ကျိန္တလီမြို့ရဲစခန်း၊ထွေအုပ်ရုံးနှင့်စည်ပင်ရုံးမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

သံတွဲမြို့နယ်ရှိ သံတွဲ​လေဆိပ် (မဇင်​လေဆိပ်)ကို AA ကသိမ်းပိုက်ပြီး​နောက် ​တွေ့ရစဥ်။ ဓါတ်ပုံ- AA Info Desk

” စစ်ကောင်စီက ဆုတ်ပေးပြီး ဂွမြို့မှာ သွားပေါင်းပြီ။ ကျိန္တလီက AAထိုင်ထားပါပြီ။ စစ်တပ်ကတော့ လေကြောင်းကနေ ပစ်နေတုန်းပါပဲ ဒီည‌နေအထိ” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်များသည် ကျိန္တလီမြို့မြို့မှမဆုတ်ခွာခင် ဂွမြို့ရှိကြွေချိုင်နှင့်တိုင်ကျိုးရွာကြား၌ လက်နက်ကြီးများတပ်ဆင်၍ ပစ်ခတ်၍ ခုခံခဲ့သည်။ သို့သော် AAက ထိုးစစ်ဆင်တိုက်ခိုက်ရာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။

ကျိန္တလီမြို့သည် သံတွဲမြို့မှမိုင် ၄၀ ခန့် နှင့် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့ဖြစ်သော ဂွမြို့နှင့်လည်း မိုင် ၄၀ခန့်ဝေးသည်။ ကျိန္တလီမြို့သည် သံတွဲ ခရိုင် ၊ဂွမြို့နယ်ရှိ မြို့နယ်ခွဲအဆင့် မြို့ဖြစ်သည်။ ၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့နယ်ခွဲတစ်ခုလုံးတွင် လူဦး​ရေ ၂၃၅၀၀ ​ကျော် ​နေထိုင်ပြီးကျိန္တလီ မြို့​ပေါ်တွင် လူဦး​ရေ ၅၈၀၀ ​ကျော်ပါ​နေထိုင်သည်။

AAသည် ဂွမြို့သို့ဆက်လက်ထိုးစစ်ဆင်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဂွမြို့သည့် ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နှင့် ထိစပ်နေပြီး ဧရာဝတီတိုင်းသို့ စစ်ရေးကူးစက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည်။

ခလရ (၅၅)တပ်ရင်းတို့ကို AA ကသိမ်းပိုက်ပြီး​နောက် ​တွေ့ရစဥ်။ ဓါတ်ပုံ- AA Info Desk

ကျိန္တလီမြို့သိမ်းယူခြင်းနှင့်ပတ်သက်၍ AAက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

AAသည် ရခိုင်ပြည်နယ်အတွင်း မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ သံတွဲနှင့်မောင်တောမြို့နယ်ရှိ လက်ကျန်စစ်တပ်စခန်းများကို အပြီးသတ်သိမ်းယူနိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ထို့အပြင် AA က သံတွဲ မြို့နယ်ရှိ ​မောင်​ရွှေ​လေး​ရေတပ်စခန်း နှင့် ဘဂ်လားပင်လယ်ပြင်ထက်တွင်တပ်စွဲထား​သော ​ရေတပ်စစ်သ​ဘော်များကိုပြန်လည်ထိုးစစ်ဆင်လျက်ရှိပြီး ​မြောက်ဘက်​ရှိတောင်ကုတ်မြို့နှင့် ​တောင်ဘက် ရှိ ဂွမြို့ ရှိစစ်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက််မည်ဟု သြဂုတ် ၁ ရက်တွင် ထုတ်ပြန်​ကြေညာခဲ့သည်။ ထို​ကြောင့် သံတွဲ နှင့် ဂွ ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင် တွင် ​အရပ်သား ရေယာဥ်များသွားလာမှုကို သြဂုတ် ၁ ရက်မှစတင်၍ အကန့်အသတ်မရှိ​ကြောင်း ​ကြေညာခဲ့သည်။ထိုသို့​ကြေညာပြီး​နောက် သံတွဲမြို့နယ်မှ စစ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။