Connect with us

Hi, what are you looking for?

သတင်း

ဒါရိုက်တာဏကြီးတို့ ဇနီးမောင်နှံကို ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ရုပ်ရှင်ပွဲတော်က ဂုဏ်ထူးဆောင်ဆုပေး

ဂျာမနီနိုင်ငံမှာပြုလုပ်တဲ့ Oldeburg International Film Festival က ၂၀၂၄ ခုနှစ်အတွက် Honorary Tribute Award ကို ဒါရိုက်တာဏကြီး နဲ့ ပိုင်ဖြိုးသုတို့ကို ပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။

ဆဏ်း / People’s Spring

ဂျာမနီနိုင်ငံမှာပြုလုပ်တဲ့ Oldeburg International Film Festival က ၂၀၂၄ ခုနှစ်အတွက် Honorary Tribute Award ကို ဒါရိုက်တာဏကြီး နဲ့ ပိုင်ဖြိုးသုတို့ကို ပေးအပ်ကြောင်း ကြေညာလိုက်ပါတယ်။

“ဒီလိုဆုမျိုးရဖို့ မမျှော်မှန်းဖူးခဲ့ဘူး။ အသိအမှတ်ပြုခြင်း ခံရတဲ့အတွက် ဂုဏ်ယူမိပေမယ့် အထွေအထူးတော့ ပျော်မနေတော့ဘူး။ Festival ကို လူကိုယ်တိုင် တက်ခွင့်မရတာလည်း ဝမ်းနည်းမနေတော့ဘူး။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတာတွေအရ ဖြစ်လာတဲ့ အခြေအနေကို ကောင်းကောင်း လက်ခံတတ်ခဲ့ပြီ။ ” လို့ ဒါရိုက်တာ ဏကြီးက ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဆုကိုပေးအပ်တဲ့ Oldeburg International Film Festival ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းမှ မကြောက်မရွံ့သော ရုပ်ရှင်ရိုက်ကူးသူများကို ဂုဏ်ပြုရန် အဆင်သင့်ဖြစ်နေပါပြီ” လို့ ကြေညာခဲ့ပါတယ်။

“ဒီလိုအခြေနေတွေကို စိတ်မကောင်းဖြစ်မိပေမယ့်… ဒီလို Festival ကြီးမှာ ဆုချီးမြှင့်ခံရတာတောင် သူတို့ကမလာကြဘူး….ဘာလို့လဲ…? ဆိုပြီး အဲဒီ Film Festival ကို လာကြမယ့် နိုင်ငံတကာက Film Makers တွေ Actors တွေအချင်းချင်း ပြောဆိုဆွေးနွေးကြရင်း…သူတို့မြန်မာပြည် အခုထိ စစ်အာဏာရှင်လက်အောက်က မလွတ်သေးဘူး… သူတို့နိုင်ငံက Artists တွေ မလွတ်မြောက်ကြသေးဘူးဆိုတာကို International အသိုင်းဝိုင်းမှာ ပိုသတိထားမိစေမှာမို့ ကျေနပ်မိပါတယ်…။” လို့ ပိုင်ဖြိုးသုက သူမရဲ့ပေ့ခ်ျမှာရေးသားထားပါတယ်။

Oldeburg International Film Festival က Independent Film Festival တွေထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ဒါရိုက်တာဏကြီးရိုက်ကူးပြီး အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ What Happened to the Wolf? ရုပ်ရှင်ကို ပထမဆုံးပြသခွင့်ပေးခဲ့တဲ့ ရုပ်ရှင်ပွဲတော်ပါ။

ဒီနှစ်ရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဏကြီးရိုက်ကူးထားတဲ့ မီ၊ What Happened to the Wolf? အပါအဝင် Short Film တွေဖြစ်တဲ့ နိုင်ငံပျောက်သူ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်နဲ့ Guilt ဇာတ်ကားတွေကို ပြသသွားမှာဖြစ်တယ်လို့ ဒါရိုက်တာဏကြီးကအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။