Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်ကောင်စီလက်နက်ကြီးထိမှန်၍ ကလေးငယ်တစ်ဦး ခြေတစ်ဖက်ဖြတ်ရ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိ၍ နေအိမ်ပျက်စီးမှုအား တွေ့ရစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး ထိမှန်ကာ ခြေတစ်ဖက်ဖြတ်လိုက်ရပြီး အမျိုးသမီးတစ်ဦး လည်းထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၃ ရက် နေ့လယ် ၁နာရီ၁၅မိနစ်ခန့်က မုံရွာမြို့၊ ညောင်ပင်သာစစ်တပ်ဂိတ်စခန်းမှ ၁၂၀မမ လက်နက်ကြီးဖြင့် လေးလုံးဖြင့် ချင်းတွင်းမြစ်အနောက်ဘက် ကျေးရွာများသို့ ပစ်ခတ်ခဲ့သည်။

လက်နက်ကြီး နှစ်လုံးမှာ ဖောင်းကတာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ၆တန်းကျောင်းသူကလေးငယ်တစ်ဦး ပေါင်ထိမှန်ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အသက်(၄၀)ကျော် အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ကလေးက ခြေထောက်ဖြတ်ပစ်လိုက်ရတာ ။၆တန်းဆိုတော့ အသက်က ၁၃၊ ၁၄ပဲရှိဦးမယ်။ နောက်တစ်ဦးက လက်နက်ကြီးအစ ခါးကနေဖောက်ထွက်သွားတာ။ အတော်စိုးရိမ်ရတယ်။”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ဖောင်းကတာကျေးရွာရှိ နေအိမ်အချို့လည်း လက်နက်ကြီးထိမှန်၍ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

မုံရွာမြို့မှ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြစ်အနောက်ဘက်ကျေးရွာများကို လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေပြီး သြဂုတ် ၁၄ရက်ကလည်း ပစ်ခတ်မှုကြောင့် ကူးတို့ကုန်းကျေးရွာရှိ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်၍ ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ သပိတ်အင်အားစုဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေက ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်ရှိစေရေးအတွက် ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၂၅) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook