Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းနှင့် ဂိတ်စခန်းနှစ်ခုကို PDFတိုက်ခိုက်

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၅၅၇)တပ်ရင်း၊ မြို့ဝင်ဂိတ်နှင့် စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ် ၂၄ ရက် နံနက် ၈နာရီခွဲအချိန် တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ(၅၅၇)ကို တော်လှန်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ ပြန်လှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာမြှင့်ပြီး စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးနှင့် တပ်ကြပ် ကြီးတစ်ဦး ထိခိုက်မှုရှိကြောင်း ၎င်းက ပြော သည်။

Public Service Announcement

Public Service Announcement

အလားတူ ယင်းနေ့ နံနက် ၉ နာရီခန့်နှင့် ညနေ ၃နာရီခွဲအချိန်များတွင် တနင်္သာရီမြို့အဝင် တံ တားစစ်ဆေးရေးဂိတ်နှင့် ဗိုလ်ချုပ်ကြေးရုပ်အရှေ့ တောင်ပေါ်ရှိစစ်ကောင်စီစခန်းတို့ကို ပူးပေါင်းအဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့သည်။

“မြို့ဝင်တံတားဂိတ်နဲ့ တောင်ပေါ်စခန်းက အင်အား ၃၀လောက်စီရှိတယ်။ တပ်ရင်း (၅၅၇)မှာတော့ အင်အား ၈၀လောက်ရှိမှာပေါ့”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုသုံးကြိမ်တွင် စစ်‌ကောင်စီဘက်မှ ငါးဦးထိခိုက်မှုရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ခိုက်ပြီးနောက်ပိုင်းမှာတော့ လုံခြုံရေးတွေအတင်းအကျပ်ချထား”ဟု စစ်ကြောင်း (၂)မှတာဝန်ရှိသူက ရှင်းပြသည်။

တိုက်ခိုက်မှုများကို မြိတ်ခရိုင်ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့်(၂)မှဦးဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၂၂ ရက် နေ့လယ်နှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီမှ K-8W Jet Fighter အသုံးပြု၍ တနင်္သာရီမြို့နယ်ရှိ ဆင်ခေါင်းရွာ ဘုရားတောင်ကိုနှင့် ဘန်လောကျေးရွာတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။