Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်း အာဏာသိမ်းခေါင်းဆောင်လာပြီးနောက် နန်းမြို့ရိုးပြိုကျ

မန္တလေးနန်းတွင်းသို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် နန်းမြို့ရိုး တနေရာပြိုကျမှုဖြစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

နန်းမြို့ရိုးပြိုကျခဲ့သည့်နေရာအား ပြင်ဆင်နေစဥ်။ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးနန်းတွင်းသို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လာပြီးနောက် နန်းမြို့ရိုး တနေရာပြိုကျမှုဖြစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ (သြဂုတ် ၂၅ရက်)က မန္တလေးနန်းတွင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်ရှိလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် သဲအိတ်များတင်ထားသည့် မန္တလေးနန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုးတစ်ခန်းနီးပါး ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ထီး ကျိုးခဲ့တဲ့ မန္တလေး၊အခု မြို့ရိုးလည်း ကျိုးပြီး ပေါက်တယ်ဆိုတော့ မကြာခင် မန္တလေးနန်းတပ် စည်းပေါက်ပြီး အသက်ပျောက်ကြတော့မယ်။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

မြို့ရိုးပြိုကျခဲ့သည့်နေရာအား စစ်တပ်က ပိုက်အစိမ်းများကာ၍ ပြင်ဆင်နေသည့်အတွက် ပျက်စီးမှုအနေအထားမသိရှိရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက မန္တ​လေးမြို့အနီးတိုက်ပွဲများပြင်းထန်လာပြီးနောက် နန်းမြို့ရိုးပေါ်တွင် သဲအိတ်များတင်၍ ဘန်ကာများတည်ဆောက်ခဲ့ရာ ဒေသခံပြည်သူများက ဝေဖန်ခဲ့သေးသည်။

ယမန်နေ့ကပင် စစ်ခေါင်းဆောင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး မန္တလေးနန်းမြို့ရိုး ထိန်းသိမ်းထားမှုအခြေအနေများအား စစ်ဆေးသွားပြီး နောက်တစ်ရက်တွင် မြို့ရိုးပြိုကျခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံတား ပြန်လည်တည်ဆောက်နေမှုကိုပါ ကြည့်ရှုသွားခဲ့သည်။

မန္တလေးနန်းမြို့ရိုးသည် စတုရန်းလေးမျက်နှာ၊ တာပေါင်း ၂၄ဝဝရှိပြီး မြို့ရိုးတစ်လျှောက်တွင် တံခါးကြီး ၁၂ပေါက်၊ ထောင့်ပြကြီး ၄လုံးနှင့် ပြငယ် ၃၂ခုရှိသည့် အားလျော်စွာ ၄၈ ဌာနတို့၌ ပြာသာဒ် ဆောင်ပေါင်း ၄၈ဆောင်ရှိသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ယမန်နေ့က မန္တလေးမြို့တော်ခန်းမ၌ ခရိုင်အဆင့် Non CDM ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်သူများအား အဓမ္မစစ်သင်တန်းတက် ခိုင်းမည့် ပြည်သူ့လုံခြုံရေးစနစ်အကောင်အထည်ဖော်မည့်ကိစ္စကိုပါ ပြောသွားခဲ့သည်။ ထို့အပြင် ၎င်းပြောဆိုနေကျ ရွေးကောက်ပွဲမဲလိမ်သည့်ကိစ္စကိုပါ ထပ်ခါထပ်ခါစွပ်စွဲသွားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

သရော်စာ

သင်တို့ဆီကို သူလာနေပြီ။ သမုဒ္ဒရာထဲပစ်ချရင်ရေခမ်း၊ ကောင်းကင်ပေါ်ပစ်တင်ရင်မိုးခေါင်၊ မြေပြင်မှာ ပစ်ထားရင်မီးဟုန်းဟုန်းတောက်လောင်တဲ့ မြန်မာပြည်ဖွား ဗြဟ္မာ့ဦးခေါင်းကြီး သင်တို့ထံ လာနေပြီဖြစ်တဲ့အကြောင်း အချိန်မီ အသိပေးပါတယ်။ သတိကြီးကြီးထားကြဖို့ပါ။

သတင်း

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ကိုထိုင်းအစိုးရကဖိတ်ကြားပြီး လက်ခံတွေ့ဆုံတဲ့အပေါ် ကန့်ကွက်စာထုတ်ပြန်ခဲ့ကြတဲ့ထိုင်းတက္ကသိုလ်သုံးခုကကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုမြန်မာကျောင်းသားသမဂ္ဂ အဖွဲ့အစည်းခြောက်ဖွဲ့ က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

Facebook