Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သားသမီးတွေ ဆိုးသွမ်းရင် မိဘကို ဒဏ်ပေးမယ့် ဥပဒေ ပြဋ္ဌာန်းဖို့ တရုတ်စီစဉ်

ကလေးတွေ ကျူးလွန်မိတဲ့ အပြစ်က ကြီးရင် ကြီးသလို၊ ရာဇဝတ်မှု မြောက်ရင် မြောက်သလို မိဘနဲ့ အုပ်ထိန်းသူတွေရဲ့ ပြစ်ဒဏ်ကလည်း ကြီးလာနိုင်ပါတယ်။ တရုတ်ရဲ့ အမျိုးသား လွှတ်တော်က အာဏာရ ကွန်မြူနစ် ပါတီ တင်သွင်းတဲ့ ဥပဒေတိုင်းကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်သာ ဖြစ်တာကြောင့် ဥပဒေ မူကြမ်းဟာ မကြာခင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်

သားသမီးတွေရဲ့ အပြုအမူတွေ ဆိုးသွမ်းနေရင် မိဘကို ပြစ်ဒဏ်ပေးမယ့် ဥပဒေ မူကြမ်း တစ်ရပ်ကို တရုတ်နိုင်ငံမှာ ရေးဆွဲ တင်သွင်းလိုက်ပါတယ်။

မူကြမ်း အဆင့်မှာသာ ရှိသေးတဲ့ မိသားစု ပညာပေး ဥပဒေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အပြုအမူပိုင်း အရမ်းဆိုးရွား၊ ရိုင်းစိုင်းနေမယ်ဆိုရင် မိဘဖြစ်သူက တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီကလေးမှာ မိဘမရှိရင် အဓိက အုပ်ထိန်းသူက တရားစွဲဆို ခံရမှာပါ။

ကလေးတွေ ကျူးလွန်မိတဲ့ အပြစ်က ကြီးရင် ကြီးသလို၊ ရာဇဝတ်မှု မြောက်ရင် မြောက်သလို မိဘနဲ့ အုပ်ထိန်းသူတွေရဲ့ ပြစ်ဒဏ်ကလည်း ကြီးလာနိုင်ပါတယ်။ တရုတ်ရဲ့ အမျိုးသား လွှတ်တော်က အာဏာရ ကွန်မြူနစ် ပါတီ တင်သွင်းတဲ့ ဥပဒေတိုင်းကို တံဆိပ်တုံးထု အတည်ပြုပေးရုံ အဆင့်သာ ဖြစ်တာကြောင့် ဥပဒေ မူကြမ်းဟာ မကြာခင် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။

တရုတ် အစိုးရဟာ ကလေးတွေရဲ့ အပြုအမူ မှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး မိဘတွေကို ပိုမို ဖိအားပေးတဲ့ အခြေအနေတွေကို အခုနှစ်ကစပြီး အရှိန်မြှင့် ကျင့်သုံးလာပါတယ်။ ပြီးတော့ ကလေးတွေ အွန်လိုင်းဂိမ်းတွေ စွဲလမ်းနေတာမျိုးတွေကိုလည်း တိုက်ဖျက်ဖို့ ပိုပြီး အားထုတ်လာပါတယ်။ ဒါ့အပြင် လူငယ်လူရွယ်တွေက အင်တာနက်ပေါ်က နာမည်ကျော် ပုဂ္ဂိုလ်တွေကို မျက်စိစုံမှိတ် အားပေး ကိုးကွယ်တာမျိုးကို ဟန့်တားဖို့လည်း အာဏာပိုင်တွေက ကြိုးပမ်းလာပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင် လပိုင်းတွေအတွင်း တရုတ် ပညာရေး ဝန်ကြီးဌာနက ကလေးငယ်တွေ အွန်လိုင်းဂိမ်း ကစားမယ့် အချိန်ကို သောကြာ၊ စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ တစ်နာရီစီသာ ခွင့်ပြုဖို့ စည်းကမ်း တင်းကျပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတွေက အိမ်စာပေးတာတွေ၊ သီးခြားကျူရှင် ယူတာတွေကို တားမြစ်ခဲ့ပြီး အားလပ်ရက်တွေမှာ ကလေးတွေ ကျောင်းစာ မပိအောင် စီမံတာလို့ အကြောင်းပြခဲ့ပါတယ်။

ဒါ့အပြင် တရုတ် ပညာရေး အာဏာပိုင်တွေက လူငယ် ကျောင်းသားတွေ အနေနဲ့ ပိုပြီး ယောက်ျားပီသအောင် ပြုမူနေထိုင်ဖို့၊ ပျော့နွဲ့နွဲ့ မနေကြဖို့လည်း တိုက်တွန်းထားပါတယ်။ ဒါဟာ ယောက်ျားလေးတွေကို အမျိုးသမီးစိတ် ဝင်အောင် လှုံ့ဆော်တာမျိုးတွေကို တားမြစ်ဖို့လို့ ပညာရေး ဝန်ကြီးဌာနက ပြောကြားထားသလို စာသင်ကျောင်းတွေမှာ ဘောလုံးလိုမျိုး အားကစားတွေကို ပိုမို အားပေးပံ့ပိုးဖို့ မူဝါဒတွေ ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook