Connect with us

Hi, what are you looking for?

News

ပထမဆုံးသော ကရင်ဆေးကောလိပ် ဖွင့်မယ်

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ်နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ရဲ့ ကျန်းမာရေးဌာနအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ပြီး ဆေးပညာဘာသာရပ်တွေကို သင်ကြားပေးသွားမယ့် ကရင်ဆေးကောလိပ်တစ်ခုကို တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဒေသခံတိုင်းရင်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှုရနိုင်ဖို့ပထမဦးဆုံးသော ကရင်ဆေးကောလိပ်(Karen Medical College) ကို ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ကရင်ပြည်နယ်အတွင်းမှာ တည်ဆောက်ဖွင့်လှစ်သွားမယ်လို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းထံကနေ သိရပါတယ်။

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ ကရင်နယ်ခြားစောင့်တပ်နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီတို့ရဲ့ ကျန်းမာရေးဌာနအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ပြီး ဆေးပညာဘာသာရပ်တွေကို သင်ကြားပေးသွားမယ့် ကရင်ဆေးကောလိပ်တစ်ခုကို တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ကရင်ဆေးကောလိပ် အဆောက်အဦးအတွက် မြေနေရာမှာ သတ်မှတ်ထားပြီးပြီဖြစ်ပြီး အဲ့ဒီကောလိပ်ဟာ မြေဧက ၃၀ အကျယ်အဝန်းရှိကာ အခုနှစ်ကုန်ပိုင်းမှာ စတင်တည်ဆောက်သွားမှာလို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းထံကနေ သိရပါတယ်။

ကရင်ဆေးကောလိပ်မှာ ဆေးပညာဘာသာရပ်တွေကို သင်ကြားပြသပေးသွားမှာဖြစ်ပြီး အစိုးရကျောင်းနဲ့ တိုင်းရင်းသားဒေသကျောင်းတွေက ၁၀တန်းအောင်မြင်ထားတဲ့ လူငယ်တွေအနေနဲ့ တက်ရောက်ခွင့်ရရှိမှာဖြစ်ပြီး ပညာသင်နှစ်အနေနဲ့ ၅ နှစ်သတ်မှတ်ထားတယ်လို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း ပူးပေါင်းအဖွဲ့ (ဒီကေဘီအေ ကေအဲန်ယူ ဘီဂျီအက် ပီစီ) ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ပေါင်းပြီး ကောလိပ်တည်ထောင်မှာ။ ပထမဦးဆုံးလို့ ပြောလို့ရတယ်။ ကျနော်တို့မွေးထုတ်မှာတော့ လက်ထောက်ဆရာဝန်ပေါ့။ ၅ နှစ်တက်ရမှာပေါ့။ အဓိကတော့ ဝါသနာရှိတဲ့လူပေါ့။ အဓိကတော့ သွားရေးလာရေး ခက်ခဲတဲ့ဒေသတွေမှာ အထူးသဖြင့် ဆရာဝန်တွေက နေမပျော်ဘူး။ တော်တော်များများလေ နေမပျော်တဲ့အခါကျတော့ ကျနော်တို့က တောပျော်တွေကို အဓိကဦးစားပေးပြီးတော့ ရွေးချယ်သွားမယ်ပေါ့နော်။ အထူးသဖြင့် တော်ပျော်တွေ တော်မှာနေလို့ပျော်တဲ့လူတွေ နယ်ခံတွေကို ဦးစားပေးပြီးတော့ ရွေးချယ်သွားမယ်။ နောက်ပိုင်းဆို နယ်ခံလည်း မကပါဘူး။ လိုအပ်ရင်လိုအပ်တဲ့နေရာမှာ ပြန်ပြီးတော့ ခွဲတမ်းပေးသွားမှာပါ။ ပထမဦးစားပေးကတော့ အဲ့လိုမျိုးတော့ ဆုံးဖြတ်ထားတယ် စဉ်းစားချက်လည်းရှိတယ်။ အဓိကတော့ ကျောသားရင်သား မခွဲခြားပဲ ကျန်းမာရေးဝန်ဆောင်မှုကို သာတူညီမျှရရှိဖို့ပဲ။ ဒီလူတွေ မွေးထုတ်ပြီးလို့ရှိရင် လိုအပ်သောနေရာ လစ်လပ်သောနေရာတွေ ကျနော်တို့ပြန်ဖြည့်ဖို့ ရည်မှန်းထားတာပေါ့နော်။ ဒီဟာကျတော့ အထူးသဖြင့် ပြောရမယ်ဆိုရင် ဆရာဝန်မရှိတဲ့နေရာမှာ သူကဆရာဝန်ပဲ။ ဆရာဝန်အငယ်စားလို့ပြောလို့ရပါတယ်။ အကြမ်းဖျဉ်းပြောရမယ်ဆိုရင် ဆရာဝန်အငယ်တန်းပေါ့” လို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်ဆေးကောလိပ်မှာ အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေက သက်ဆိုင်ရာဆေးပညာဘာသာရပ်တွေကို စာတွေ့ရောလက်တွေ့ပါ သင်ကြားပို့ချသွားမှာဖြစ်ပြီး လာမယ့်နှစ်ကုန်ပိုင်းမှာ ကောလိပ်ကို စတင်ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ကျနော်တို့ စစချင်းဖြစ်တဲ့အခါကျတော့ လူအများကြီးနဲ့ မစနိုင်သေးဘူး။ ပထမအပတ်စဉ်ကတော့ ၁၅ ယောက်လောက်နဲ့ အရင်စကြည့်မယ်။ အဆောက်အဦးအခက်အခဲ နေစရာထိုင်ခင်းအခက်အခဲနဲ့ဆိုတော့ နည်းနည်းပဲအရင်စမယ်။ ပြီးမှ ဖြည်းဖြည်းနဲ့ အခြေအနေကြည့်ပြီးတော့ တိုးသင့်လည်း ဖြည်းဖြည်းချင်း ကျနော်တို့ တိုးသွားမှာပါ။ အထူးသဖြင့်တော့ ဆရာဝန်ပဲ သင်မှာ ပေါ့။ ဒီကျောင်းက သင်ကြားရေးဆရာအဖြစ်နဲ့ ကျနော်တို့ထားတယ်ပါ့။ အစိုးရဆရာဝန် ဖြစ်နိုင်တယ် နိုင်ငံခြားကလည်း အခွင့်သာရင်သာသလိုပေါ့နော် နိုင်ငံခြားကလာတဲ့ ဆရာဝန်လည်းဖြစ်နိုင်တယ်”
ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဆေးပညာဘာသာရပ်တွေနဲ့ပတ်သက်ပြီး သင်ရိုးညွန်းတမ်းတွေ ရေးဆွဲထားပြီးပြီလို့လည်း သိရပါသေးတယ်။

ဒါ့အပြင် အဲ့ဒီကရင်ဆေးကောလိပ်ကို ကောလိပ်အဆင့်ထက်သာမက တက္ကသိုလ်အဆင့်အထိပါ ဘာသာရပ်အသစ်တွေအလိုက် ထပ်မံတိုးချဲ့ပြီး ဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိတယ်လို့ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါတော့ ဖြစ်နိုင်မဖြစ်နိုင်ကတော့ အိပ်မက်တော့ အကြီးကြီးမက်ထားတာပေါ့။ ဖြစ်လည်းဖြစ်လာနိုင်တာပေါ့နော်။ စစချင်း မီဒီကယ်ကောလိပ်တစ်ခုနဲ့ ပဲ သွားမယ်။ နောက်ပိုင်းဆိုလို့ရှိရင် ယူနီဗာစီတီဆိုပေမယ့် မီဒီကယ်လိုင်းလည်း သွားရင်သွားမယ် အင်ဂျင်နီယာလိုင်းလည်း သွားမယ်။ ကိုယ်နိုင်သလောက် စွမ်းသလောက် တော့ ဒီပြည်သူလူထုအကျိုးအတွက် ဘယ်လိုမျိုးများ ရေရှည်ပေါ့နော် မျှော်မှန်းချက်နဲ့ လုပ်ပေးလို့ရသလည်း စသဖြင့်ပေါ့နော်။ ဒါတွေကို မျှော်ကိုးပြီးတော့ အန္တိမရည်မှန်းချက်တော့ နောင်တချိန်ကျလည်း ကျနော်တို့လူမျိုးပေါ့နော်။ ကျနော်တို့လူမျိုးတွေလည်း ခေတ်နောက်မကျန်အောင် အများကြီးပါတယ်ပေါ့။ တိုင်းရင်းသားဒေသတွေမှာ ဖွင့်နိုင်တဲ့ ကော့လိပ်ဆိုတာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ် ကျန်းမာရေးအဖွဲ့အစည်းဖြစ်ဖြစ် ဂုဏ်ကျက်သရေတစ်ခုလိုတော့ ဖြစ်သွားမယ်” ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသွားတာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းကို ပြီးခဲ့တဲ့ သုံးနှစ်ဝန်းကျင်က ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နယ်ခြားစောင့်တပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်အဖွဲ့တို့ရဲ့ ကျန်းမာရေးဌာနအဖွဲ့အစည်းတွေပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

အဲ့ဒီ ကရင်တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းကနေတစ်ဆင့် ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုရရှိလာစေဖို့အတွက် အခုလို ကရင်ဆေးကောလိပ်ကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဆောင်းပါး

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့...

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ