Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက်၊ နေအိမ်အချို့ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

စက်တင်ဘာ ၇ ရက်က မင်းတပ်မြို့နယ်တနေရာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်နှင့် ယခုစက်တင်ဘာအတွင်း မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၆ရက် ည ၇နာရီခန့်တွင် တိုက်လေယာဉ် ၂စီးဖြင့် ပေါင် ၅၀၀ ဗုံးနှင့် ဗုံးအသေးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးရှိ၊မရှိကို မသိရသေးဟု သတင်းရင်းမြစ်က ယနေ့တွင် ပြောသည်။

Public Service Announcement

Public Service Announcement

“နေအိမ်အချို့ ပျက်တာပဲ သိရတယ်”ဟု မင်းတပ်ဒေသခံက ပြောသည်။ မင်းတပ်ဒေသ၌ မကြာမီ စစ်ရေးထူးခြားမှုများရှိလာနိုင်ကြောင်းလည်း ၎င်းက ခန့်မှန်းသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နှင့် မြို့နယ်အတွင်းရှိကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၁၆ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၉ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၇ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၆ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၄ရက်တွင်တစ်ကြိမ် စုစုပေါင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။

ထို့ပြင် မင်းတပ်မြို့ ခလရ(၂၇၄) တပ်ရင်းသို့လေယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းဖြည့်တင်းခြင်းများလည်း ယခုလဆန်း၌ ပြုလုပ်ခဲ့သည်။ ယခင်က မင်းတပ်ကို မြေပြင်မှ ရိက္ခာခဲယမ်း၊ စစ်အင်အားဖြည့်တင်းခြင်းဖြစ်သော်လည်း လက်ရှိတွင် လမ်းတလျှောက် ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် လေကြောင်းအသုံးပြုနေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယခုလအတွင်းမင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှီု့ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။