Connect with us

Hi, what are you looking for?

သတင်း

ထယ်ဘွေးစခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်​ကောင်စီတပ်ကို မတူပီ CDF တိုက်ခိုက် ၇ဦးသေ

မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

(CDF မတူပီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CDF)
(CDF မတူပီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CDF)

ချင်းပြည်နယ် မတူပီ – ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်ကြောင်းကို မတူပီချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မတူပီ CDFက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီ၏ ခလရ (၃၀၄) စစ်ကြောင်းသည် ဇွန် ၄ရက် က မတူပီမှ ခြေလျင်ထွက်ခွာလာရာ ဇွန်လ ၇ရက် နေ့လည်ပိုင်းတွင် ၀လံပီ ကျေးရွာနှင့် ကလားကျေးရွာကြား၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

အဆိုပါ ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့ပြီးCDFရဲဘော်များထိခိုက်ကျဆုံးမရှိဟု ဖော်ပြသည်။စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု ထယ်ဘွေးတပ်စခန်းကိုလည်း မတူပီ CDFက မကြာခဏ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။