Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထယ်ဘွေးစခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်​ကောင်စီတပ်ကို မတူပီ CDF တိုက်ခိုက် ၇ဦးသေ

မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

(CDF မတူပီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CDF)
(CDF မတူပီတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CDF)

ချင်းပြည်နယ် မတူပီ – ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းသို့ အင်အားဖြည့်ရန်လာသည့်စစ်ကြောင်းကို မတူပီချင်းကာကွယ်ရေးတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မတူပီ CDFက ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီ၏ ခလရ (၃၀၄) စစ်ကြောင်းသည် ဇွန် ၄ရက် က မတူပီမှ ခြေလျင်ထွက်ခွာလာရာ ဇွန်လ ၇ရက် နေ့လည်ပိုင်းတွင် ၀လံပီ ကျေးရွာနှင့် ကလားကျေးရွာကြား၌ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

အဆိုပါ ထိတွေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့ပြီးCDFရဲဘော်များထိခိုက်ကျဆုံးမရှိဟု ဖော်ပြသည်။စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုနှင့်ပတ်သပ်၍People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မတူပီ CDFသည် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မတူပီ သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို အသွားခရီး အပြန်ခရီး နှစ်ခုလုံးတွင် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု ထယ်ဘွေးတပ်စခန်းကိုလည်း မတူပီ CDFက မကြာခဏ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။