Hi, what are you looking for?
အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရေး ပုံစံမျိုးလုပ်လာခြင်းဖြစ်ပြီး အင်အား၈၀မှ ၁၀၀ကြား ရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် ချောင်းကူးရွာ၊ ကျွန်းတိုင်းရွာ၊ ဂွေးဂုံရွာ၊ စသိန်းရွာ၊ညောင်ရင်းရွာ အစရှိသည့်ကျေးရွာများရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာမြို့မရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင်တို့မှခေါ်ယူတွေ့ဆုံပြီး မိတ္ထီလာမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အစိုးရပိုင်အဆောက်အဦးတို့မှပစ္စည်းများ မကြာခဏခိုးယူခံနေရပြီးအထူးသဖြင့်လျှပ်စစ် မီးကြိုး၊ရေစုပ်စက်၊မီးစက်များပျောက်ဆုံးလျက်ရှိနေကြောင်း ဝန်ခံပြောကြားသည်။