Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှုအပေါ်မှာတော့ ဒါက ကျွန်တော်တို့ အချိန်ယူပြီးလုပ်နေပါတယ်”

ကမ္ဘာ့သတင်း​တွေမှာပါ ဒီရက်ပိုင်းဟိုး​လေးတ​ကျော်​ကျော်ဖြစ်​ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်မှာ တရုတ်မင်းသားလူကုန်ကူးခံရတယ်ဆိုတဲ့ဖြစ်စဥ်ရယ် ၊ နယ်စပ်က ကျားဖြန့်လုပ်ငန်း​တွေမှာ လူ​ထောင်ချီ ပိတ်မိ​နေတယ်ဆိုတာ​တွေနဲ့ ပတ်သက်ပြီး ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်ကို လူထု​နွေဦးက ဆက်သွယ်​မေးမြန်းထားပါတယ်။

ဒီးဒီ၊သတိုး/People’s Spring

ကမ္ဘာ့သတင်း​တွေမှာပါ ဒီရက်ပိုင်းဟိုး​လေးတ​ကျော်​ကျော်ဖြစ်​ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်မှာ တရုတ်မင်းသားလူကုန်ကူးခံရတယ်ဆိုတဲ့ဖြစ်စဥ်ရယ် ၊ နယ်စပ်က ကျားဖြန့်လုပ်ငန်း​တွေမှာ လူ​ထောင်ချီ ပိတ်မိ​နေတယ်ဆိုတာ​တွေနဲ့ ပတ်သက်ပြီး ကရင်နယ်ခြား​စောင့်တပ်ဖွဲ့ (BGF) ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်ကို လူထု​နွေဦးက ဆက်သွယ်​မေးမြန်းထားပါတယ်။

— BGF ​ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်နဲ့ မေးမြန်းခန်း

မေး – Civil Society Network(CSN)က တရုတ်နိုင်ငံသားတွေအပါအဝင် လူဦးရေ ၆၀၀၀ကျော် ဟာ မြဝတီဒေသက ကျားဖြန့်တွေမှာ ပိတ်မိနေတယ်ဆိုပြီး ပြောထားပါတယ်။ အဲဒီအပေါ်မှာ အဖြစ်မှန်က ဘာလဲ။ အဲဒါက ဘယ်တွေမှာ ပိတ်မိနေတာလဲ။

Public Service Announcement

Public Service Announcement

ဖြေ – ကျွန်တော်တို့မြဝတီဒေသလို့ပြောရင် ဝေါ်လေကနေ ရွှေကုဣိုအထိ လို့ပြောရမှာပေါ့။ မြစ်ကြောင်းတစ်လျှောက်ပေါ့။အဲဒီမှာရှိတဲ့တရုတ်နိုင်ငံသား ခြောက်ထောင်ကျော် ပိတ်မိနေတယ်ဆိုတဲ့ကိစ္စကလည်း ကျွန်တော်တို့က သေချာမသိဘူး။တစ်ဖက်ကထုတ်ပြန်လာတော့ ကျွန်တော်တို့သိရတယ်။ အဲဒီမှာမှ ကျွန်တော်တို့က အဲဒီ့မတိုင်ခင်မှာကို ကနေ့အချိန်အထိပေါ့ ၊သက်ဆိုင်ရာသံရုံးအသီးသီးကသော်လည်း ကောင်း ၊ သက်ဆိုင်ရာနယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ကသော်လည်းကောင်း တောင်းဆိုလာတဲ့အခါ အချိန်မရွေးပြန်ပို့ပေးနေတာတွေလည်း လုံးဝရအောင်ရှာပေးတယ်။ဘယ်နေရာမဆို ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးရုံးကို သတင်းအချက်အလက်တွေ ရောက်လာရင် ချက်ချင်းရအောင် ပြန်ပို့ပေးနေတဲ့ဟာတွေလည်းရှိတယ်။ အဓိကကတော့ ပိတ်မိနေတယ်ဆိုတဲ့ဟာ ကျွန်တော်တို့ကတော့ ဆိုက်တွေအသီးသီးမှာလည်း စာ‌တွေလည်း ကပ်ထားတယ်။သူတို့ကို ပြီးခဲ့တဲ့ကာလကလည်း သက်ဆိုင်ရာနိုင်ငံအသီးသီးကို ပြန်ဖို့လည်း စာထုတ်ထားတာဖြစ်တယ်။ ဆိုက်တွေအဝမှာလည်း ကပ်ထားတယ်။ပြန်ချင်တဲ့သူတွေကိုလည်း လွတ်လွတ်လပ်လပ်ပြန်ခွင့် ပေးထားတယ်။အဲဒီ့မှာမှ ခုနကပိတ်မိနေတယ်ကိစ္စအပေါ်မှာက ကျွန်တော်တို့လည်း လူမှောင်ခိုတားဆီးတိုက်ဖျက်ရေးအဖွဲ့တွေဖွဲ့ပြီးတော့မှ‌ ရအောင်ဖော်ထုတ်နှိမ်နင်းမယ်လို့ စီစဉ်ထားပါတယ် ခင်ဗျ။

မေး – တရုတ်မင်းသားက မြဝတီဒေသမှာ လူကုန်ကူးခံရတယ် ပြောတယ်။ အဖြစ်မှန်က ဘာလဲ။

ဖြေ – တရုတ်မင်းသားနဲ့ပတ်သက်ပြီးတဲ့ကိစ္စက ကျွန်တော်တို့က အခု ၆ ရက်နေ့ကမှ ထိုင်းတာဝန်ရှိသူကနေ သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်ပြီးအကြောင်းကြားလာတဲ့အခါကျတော့ အဲဒီ့မှ သိရတာ။သိရတဲ့အခါကျတော့ အဲဒီ့ကနေ ကျွန်တ်ောတို့အကြီးအကဲက ချက်ချင်းညွှန်ကြားချက်ပေးပြီးတော့မှ သက်ဆိုင်ရာ ဆိုက်အသီးသီးကို သူ့ရဲ့ဓာတ်ပုံတွေရှာဖြန့်ပြီးတော့ အဲဒီလိုတွေလုပ်လာတာ။လုပ်လာတဲ့အခါကျတော့ ခုနကဘယ်လိုမြင်လဲအပေါ်မှာဝော့ာ သူသည်သုဝဏ္ဏဘူမိလေဆိပ်ကနေ မဲဆောက်မြို့ကို သူလည်လူမှောင်ခိုကုန်ကူးခံရတဲ့ ပုံစံမျိုးနဲ့ရောက်လာတာလား။ သူ့သဘောနဲ့သူ ရောက်လာတာလားဆိုတဲ့ အချက်က ထိုင်းအကြီးအကဲတွေ သတင်းစာရှင်းလင်းပွဲလုပ်ထားတာတွေရှိပါတယ်။ အဲဒီမှာမှ ကျွန်တော်တို့ကလည်းသူ့ကို ပြန်လည်တွေ့ရှိပြီးတော့မှ ထိုင်းကိုအချိန်မီပြန်အပ်ရတာဖြစ်တဲ့အတွက် သူ့ကိုမေးမြန်းဖို့လည်း အချိန်မရလိုက်ဘူးပေါ့။အဲဒီမှာမှ ထိုင်းဘက်က သတင်းစာရှင်းလင်းပွဲလုပ်တဲ့အပေါ်မှာမှပြန်ကြည့်ခြင်းအားဖြင့်သူသည် ဘန်ကောက်ကနေ ပြီးတော့ မဲဆောက်ကိုလာတဲ့အခါ ကြီးမားသောစစ်ဆေးရေးဂိတ်တွေ ၃ ၊ ၄ဂိတ်ရှိပါတယ်။အဲဒါတွေကို သူသည်ဘယ်လိုပုံစံမျိုး ဖြတ်သန်းလာခဲ့ရတာလဲဆိုတဲ့ဟာလေး။တကယ်လို့သူဟာ သူ့ဆန္ဒနဲ့သူလာတာဖြစ်တဲ့အတွက် ဂိတ်တွေက ဂိတ်‌မှာကလည်းကျွန်တော်တို့လည်းသွားလာနေကြပါပဲ။သွားတဲ့နေရာတိုင်းမှာ အစစ်ဆေးခံရတာပဲလေ။အဲဒီတော့ဆိုလိုရင်းက ဘယ်လိုပုံစံမျိုးရောက်ရှိလာတာလဲဆိုတဲ့အ‌ ပေါ်ကတော့ ကာယကံရှင်ပဲပိုသိမှာပေါ့။သူအမှန်တရားပြောရင်တော့ အမှန်တရားပေါ့။

မေး – မြဝတီမှာ BGF၊ DKBAနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ဆွေးနွေးပွဲကရော ဘာတွေထူးခြားလဲ။

ဖြေ – မြဝတီမှာတော့ DKBA ထိပ်ပိုင်းခေါင်းဆောင်တွေရယ် ကျွန်တော်တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရယ် သက်ဆိုင်ရာတရုတ်လုပ်ငန်းရှင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတဲ့နေရာမှာ ထူးခြားမှုရှိလာသလဲဆိုတော့ ကျွန်တော်တို့က ဒီကိစ္စက သက်ဆိုင်ရာ ဆိုက်အသီးသီးကို လွန်ခဲ့သောကာလကြာမြင့်စွာကပဲ ကြေညာချက်တွေထုတ်ထားတာ အမိန့်‌ တွေထုတ်ပြန်ထားတာရှိတယ်။အဲဒီ့မှာမှ တစ်ဆိုက်နဲ့တစ်ဆိုက်လူကုန်ကူးခြင်း လုံးဝမလုပ်ရဘူး။နောက်တစ်ခါ အတင်းအဓမ္မစေခိုင်းခြင်း ရိုက်နှက်ခြင်း ဖိနှိပ်ခြင်းလုံးဝမလုပ်ရဘူး။အသက်၁၈ နှစ်မပြည့်တဲ့သူတွေ လုပ်ငန်းမှာခိုင်းစေခြင်းမလုပ်ရဘူး။ဒါတွေကိုလုပ်မယ်ဆိုရင်ဆိုက်တွေကိုပိတ်သိမ်းတာရှိတယ်။ သာဓကတွေလည်းရှိပါတယ်။ကျွန်တော်တို့ပိတ်သိမ်းထားတဲ့နေရာတွေလည်းရှိပါတယ်။ဆိုလိုရင်းက အဲဒီလိုလုပ်တယ်ဆိုလည်း ချက်ချင်း‌ ဖော်ထုတ်အ‌ ရေးယူပြီး ချက်ချင်းအဲဒီ့ဆိုက်တာဝန်ခံကို ဒေသန္တရအားဖြင့် ထိန်းသိမ်းပြီးတော့မှ အရေးယူတာတွေလည်းရှိပါတယ်။ တချို့ဆိုလည်း အခုတရုတ်နိုင်ငံကသံရုံးကနေ လိုအပ်တာတွေရှိရင်ကျွန်တော်တို့ချက်ချင်းရှာဖွေပြီးပြန်အပ်ပေးခဲ့တာတွေရှိပါတယ်။

မေး – တရုတ်စီးပွားရေးလုပ်ငန်းတွေ မြဝတီဒေသမှာ ဘယ်လောက်လောက်ရှိနေလဲ။

ဖြေ – မြဝတီမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်ဘယ်လောက်ရှိလဲ အပေါ်မှာပြောရရင်တော့ ကျွန်တော်တို့က မိမိအုပ်ချုပ်တဲ့နေရာဒေသတွေမတူညီမှုတွေ ရှိတယ်။ မတူညီမှုတွေအပေါ်မှာမှ လူဦးရေခန့်မှန်းရတာခက်တာ ပေါ့။အခုက တော်တော်များများပြန်လာပြီဆိုတော့ ပြန်တာတွေ တော်တော်များပါတယ်။ဒါကတော့ သက်ဆိုင်ရာအိမ်နီးခြင်းနိုင်ငံက ပိုသိပါတယ်။ လူစာရင်းဇယားတွေလေ။

မေး – ဒီရက်ပိုင်းမှာပဲ တရုတ်မင်းသားအပါအဝင် လူကုန်ကူးခံရပြီးတော့ ပြန်ပို့ပေးရတဲ့ ဖြစ်စဉ် ဘယ်နှစ်ခုရှိလဲဗျ။

ဖြေ – ဒီရက်ပိုင်းထဲမှာ တရုတ်မင်းသားအပါအဝင်၊ အတိအကျတော့မသိဘူး။ နေ့စဉ်နီးပါး နောက်တော့ သူတို့ဘက်ကပို့လာတဲ့ဥစ္စာတိုင်း တော်တော်များများတောက်လျှောက်ပို့နေတယ်။ အဲဒါကတော့ ကျွန်တော်တို့ လူမှောင်ခိုတားဆီးရေးရုံးမှာပဲစာရင်းတွေရှိပါတယ်။စည်းကမ်းထိန်းသိမ်းရေးရုံးမှာ စာရင်းရှိတယ်။

မေး – ကျားဖြန့်လုပ်ငန်း​တွေနှိမ်နင်းဖို့ BGF မှာ လုပ်နိုင်စွမ်းရှိရဲ့လား ။ဒီလုပ်ငန်း​တွေတိုက်ဖျက်ဖို့ ဘယ်လို စိန်​ခေါ်မှုရှိလဲ။

ဖြေ – ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှုအပေါ်မှာတော့ ဒါက ကျွန်တော်တို့ အချိန်ယူပြီးလုပ်နေပါတယ်။ဒီလုပ်ငန်းတွေက ကျွန်တော်တို့နိုင်ငံက သက်တမ်းအနုဆုံးလို့ပြောရမှာပေါ့။ကမ္ဘောဒီယားတို့ လာအိုတို့ရှိခဲ့တာပဲ။ ရှေ့မှာလည်းအများကြီး ၊ဒါကတော့တော်တော်များများမှာ ရှိပါတယ်။ဒီဥစ္စာကိုလည်း ကျွန်တော်တို့က အကောင်းဆုံး ဆောင်ရွက်ပါမယ်။အကောင်းဆုံးနှိမ်နင်းနိုင်ဖို့လည်း အခုကတည်းက အစီအစဉ်တွေဆွဲပြီး တိုက်ဖျက်ရေးအဖွဲ့တွေ စတင်ဖွဲ့စည်းနေပါပြီ။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

ကျားဖြန့် အပါအဝင် နယ်စပ် အခြေစိုက် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို ချိုးနှိမ်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ မြန်မာဖက်ခြမ်း နယ်စပ်မြို့တွေကို ဓာတ်အား ဖြန့်ဝေမှု ဆက်လက် ပိတ်ပင်ထားဆဲလို့ ထိုင်းဖက်က အတည်ပြုခဲ့ပါတယ်။

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။