Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ တစ်နာရီကြာတိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ကေအန်ယူတပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တစ်နာရီကြာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဖာပွန်လမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ BGF ကားတစ်စီး

ဖာပွန်-ကတိုင်တိလမ်းမပေါ်မှာရှိတဲ့ မထောကျေးရွာနဲ့ ခွေးသေရွာအကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အထိအခိုက်အကျဆုံးကိုတော့ မသိရသေးဘူးလို့ ကေအန်ယူ နယ်မြေခံအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မနေ့ မနက်ပိုင်းကလည်း မထောကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တာလို့ ကေအန်ယူသူးလေသတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

မေလ ၂၀ ရက်နေ့ကလည်း ဖာပွန်လမ်းမပေါ်မှာ ဖြတ်သန်းလာတဲ့ ကရင်နယ်ခြားစောင့်တပ်ယာဉ်တစ်စီးဟာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သေးတာပါ။

ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းမပေါ်မှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ကမမောင်းမြို့နဲ့ မြိုင်ကြီးငူအထူးဒေသဘက်ကို စစ်ရှောင်ရောက်လာသူဦးရေက ထောင်ချီရှိလာပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook