Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းဆီးမှုများကြားက သာကေတလူငယ်များရဲ့ ပျောက်ကြားသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဆန္ဒပြမှုများကို ဖမ်းဆီးမှုများ ရှိနေသော်လည်း ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာစျေးတွင် ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်တွင် လူငယ်များက စစ်အာဏာရှင် ဖြုတ်ချရေး ပျောက်ကြားသပိတ်ဖြင့် ချီတက် ဆန္ဒပြခဲ့သည်။

ယင်းသပိတ်တွင် လူငယ် ၅၀ခန့်ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်ကာ မြင်တော်သာစျေးအတွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့၁၄၄ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။