ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်တွင် သုံးနေရာဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက်၈ နာရီ ၂၅ မိနစ်က (၁) ဂိတ်ကားမှတ်တိုင်တွင်လည်းကောင်း၊ နံနက် ၈ နာရီ ၃၁ မိနစ်က ရွာသစ်ကားမှတ်တိုင်တွင် လည်းကောင်း၊ နံနက် ၈ နာရီ ၅၀ မိနစ်တွင် ဘိုခြံကားမှတ်တိုင်နှင့် ဆီဆိုင်ကြားတွင်လည်းကောင်း စုစုပေါင်းသုံးနေရာပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။
