Connect with us

Hi, what are you looking for?

News

ဆပ်ပြာကျင်းရွာအနီးတိုက်ပွဲ PDF ၂၆ဦးကျ၊ ၅၀ဦးထက်မနည်း ဒဏ်ရာရဟု ဒီပဲယင်း PDF ထုတ်ပြန်

” တိုက်ပွဲအတွင်းတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးအတွက် မြို့နယ် PDF အဖွဲ့ဝင်များမှ အထူးဝမ်းနည်း ‌ကြေကွဲရပါသည်။ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ”ဟု ဒီပဲယင်း PDFက ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွား အနီးတွင် ဇူလိုင် ၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော် ၂၆ဦး ကျဆုံးပြီး ၅၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု ဒီပဲယင်း PDFက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
” တိုက်ပွဲအတွင်းတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးအတွက် မြို့နယ် PDF အဖွဲ့ဝင်များမှ အထူးဝမ်းနည်း ‌ကြေကွဲရပါသည်။ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ”ဟု ဒီပဲယင်း PDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဆပ်ပြာကျင်းရွာ အပါအဝင် အနီးတဝိုက်ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒီပဲယင်း PDFက ပြန်လည်ခုခံရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ဒေသခံ တစ်ဦးက ပြောသည်။
သို့ရာတွင် လက်နက်အင်အားမမျှ၍ PDFများ အထိနာခဲ့ရဟု ဒေသခံက ပြောသည်။ ကျဆုံးသူများထဲတွင် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရ၍ ကျန်ခဲ့သူများ ၊ ပုန်းအောင်းနေသူများ ပါဝင်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် တွေ့ရှိပြီး ပစ်သတ်ခံရခြင်းဖြစ်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့