Connect with us

Hi, what are you looking for?

News

ဆပ်ပြာကျင်းရွာအနီးတိုက်ပွဲ PDF ၂၆ဦးကျ၊ ၅၀ဦးထက်မနည်း ဒဏ်ရာရဟု ဒီပဲယင်း PDF ထုတ်ပြန်

” တိုက်ပွဲအတွင်းတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးအတွက် မြို့နယ် PDF အဖွဲ့ဝင်များမှ အထူးဝမ်းနည်း ‌ကြေကွဲရပါသည်။ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ”ဟု ဒီပဲယင်း PDFက ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွား အနီးတွင် ဇူလိုင် ၂ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော် ၂၆ဦး ကျဆုံးပြီး ၅၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု ဒီပဲယင်း PDFက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။
” တိုက်ပွဲအတွင်းတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးအတွက် မြို့နယ် PDF အဖွဲ့ဝင်များမှ အထူးဝမ်းနည်း ‌ကြေကွဲရပါသည်။ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေ”ဟု ဒီပဲယင်း PDFက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ ဆပ်ပြာကျင်းရွာ အပါအဝင် အနီးတဝိုက်ရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒီပဲယင်း PDFက ပြန်လည်ခုခံရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ဒေသခံ တစ်ဦးက ပြောသည်။
သို့ရာတွင် လက်နက်အင်အားမမျှ၍ PDFများ အထိနာခဲ့ရဟု ဒေသခံက ပြောသည်။ ကျဆုံးသူများထဲတွင် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရ၍ ကျန်ခဲ့သူများ ၊ ပုန်းအောင်းနေသူများ ပါဝင်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် တွေ့ရှိပြီး ပစ်သတ်ခံရခြင်းဖြစ်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။