Connect with us

Hi, what are you looking for?

News

KIAနယ်မြေသို့ လာရောက်သူနှစ်ဦး ကိုဗစ်​ရောဂါပိုးတွေ့၊ လိုင်ဇာနှင့် မိုင်ဂျာယန် အဝင်၊ အထွက်ပိတ်

“အဝေးက ရောက်လာတဲ့ ဧည့်သည်တွေပါ။ အခက်အခဲအမျိုးကြောင့် အဲဒီလိုဖြစ်လို့ ကျွန်တော်တို့က သူတို့ကို ပြန်ပြီးတော့ ပိုးစစ်လိုက်တော့ အဲဒီလို တွေ့သွားတာပါ” ဟု ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ရှေ့တန်းနယ်မြေတွင် COVID-19 ကပ်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိလာ၍ ဗဟိုဌာနချုပ် နယ်မြေလိုင်ဇာနှင့် မိုင်ဂျာယန် သို့ အဝင်အထွက် ပိတ်ပင်ထားကြောင်း KIO ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိမ်းဝေါင်က ပြောကြားသည်။

ပြည်တွင်း၌ ဗီဇပြောင်းရောဂါကူးစက်မြန် ကိုဗစ်ပိုးတွေ့ပြီဟု သတင်းရကတည်းက ၎င်းတို့ ဒေသ၌ ကြိုတင်ပြင်ဆင်မှုများ ၊ လူစုလူဝေး မလုပ်ဆောင်ရန် ယခင်ချမှတ်ထားသည့် စည်းကမ်းများ ပြန်လည် ချမှတ်ကာ စိစစ်ကြပ်မတ်မှုများ လုပ်ဆောင်ခဲ့ဟု ၎င်း ကဆိုသည်။

“အဝေးက ရောက်လာတဲ့ ဧည့်သည်တွေပါ။ အခက်အခဲအမျိုးကြောင့် အဲဒီလိုဖြစ်လို့ ကျွန်တော်တို့က သူတို့ကို ပြန်ပြီးတော့ ပိုးစစ်လိုက်တော့ အဲဒီလို တွေ့သွားတာပါ” ဟု ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောသည်။

KIA နယ်မြေတွင် ယခုနှစ် မတ်လမှ လက်ရှိအချိန်ထိ COIVD-19ရောဂါပိုးတွေ့ရှိသူ ၂၀ဦးခန့်ရှိ ပြီး COVID-19 ရောဂါကာကွယ်ဆေးထိုးပြီးသူ နှစ်သောင်းကျော်ရှိသည်။

Public Service Announcement

Public Service Announcement

KIO သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese ကလည်းCOVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာ၍ ဗဟိုဌာနချုပ်နယ်မြေသို့ ပြင်ပမှ ဝင်လာသူ မည်သူ့ကို မဆို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြင်ပမှ ခိုးဝင်မှု မရှိစေရေး volunteerများနှင့် KIO တာဝန်ရှိသူများ ပူးပေါင်းကာ သတ်မှတ်ထားသည့် နေရာတိုင်းတွင် အထူးစိစစ်မှုများဆောင်ရွက် နေ‌ကြောင်း၊ ဝင်လာသည့် ကုန်ပစ္စည်းများပါ ဆေးဖျန်းပြီးမှ သာဝင်ခွင့်ပြုထားကြောင်း သတင်းတွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

Facebook