Connect with us

Hi, what are you looking for?

News

KIAနယ်မြေသို့ လာရောက်သူနှစ်ဦး ကိုဗစ်​ရောဂါပိုးတွေ့၊ လိုင်ဇာနှင့် မိုင်ဂျာယန် အဝင်၊ အထွက်ပိတ်

“အဝေးက ရောက်လာတဲ့ ဧည့်သည်တွေပါ။ အခက်အခဲအမျိုးကြောင့် အဲဒီလိုဖြစ်လို့ ကျွန်တော်တို့က သူတို့ကို ပြန်ပြီးတော့ ပိုးစစ်လိုက်တော့ အဲဒီလို တွေ့သွားတာပါ” ဟု ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ရှေ့တန်းနယ်မြေတွင် COVID-19 ကပ်ရောဂါပိုးတွေ့ရှိသူ နှစ်ဦးရှိလာ၍ ဗဟိုဌာနချုပ် နယ်မြေလိုင်ဇာနှင့် မိုင်ဂျာယန် သို့ အဝင်အထွက် ပိတ်ပင်ထားကြောင်း KIO ကိုဗစ်ထိန်းချုပ်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးဟိမ်းဝေါင်က ပြောကြားသည်။

ပြည်တွင်း၌ ဗီဇပြောင်းရောဂါကူးစက်မြန် ကိုဗစ်ပိုးတွေ့ပြီဟု သတင်းရကတည်းက ၎င်းတို့ ဒေသ၌ ကြိုတင်ပြင်ဆင်မှုများ ၊ လူစုလူဝေး မလုပ်ဆောင်ရန် ယခင်ချမှတ်ထားသည့် စည်းကမ်းများ ပြန်လည် ချမှတ်ကာ စိစစ်ကြပ်မတ်မှုများ လုပ်ဆောင်ခဲ့ဟု ၎င်း ကဆိုသည်။

“အဝေးက ရောက်လာတဲ့ ဧည့်သည်တွေပါ။ အခက်အခဲအမျိုးကြောင့် အဲဒီလိုဖြစ်လို့ ကျွန်တော်တို့က သူတို့ကို ပြန်ပြီးတော့ ပိုးစစ်လိုက်တော့ အဲဒီလို တွေ့သွားတာပါ” ဟု ဗိုလ်မှူးကြီး ဟိမ်းဝေါင်က ပြောသည်။

KIA နယ်မြေတွင် ယခုနှစ် မတ်လမှ လက်ရှိအချိန်ထိ COIVD-19ရောဂါပိုးတွေ့ရှိသူ ၂၀ဦးခန့်ရှိ ပြီး COVID-19 ရောဂါကာကွယ်ဆေးထိုးပြီးသူ နှစ်သောင်းကျော်ရှိသည်။

Public Service Announcement

Public Service Announcement

KIO သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese ကလည်းCOVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာ၍ ဗဟိုဌာနချုပ်နယ်မြေသို့ ပြင်ပမှ ဝင်လာသူ မည်သူ့ကို မဆို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြင်ပမှ ခိုးဝင်မှု မရှိစေရေး volunteerများနှင့် KIO တာဝန်ရှိသူများ ပူးပေါင်းကာ သတ်မှတ်ထားသည့် နေရာတိုင်းတွင် အထူးစိစစ်မှုများဆောင်ရွက် နေ‌ကြောင်း၊ ဝင်လာသည့် ကုန်ပစ္စည်းများပါ ဆေးဖျန်းပြီးမှ သာဝင်ခွင့်ပြုထားကြောင်း သတင်းတွင်ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။