Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် နောက်လိုက်များအား ဝန်းသို PDF တိုက်ခိုက်မည်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသ လမ်းပိုင်းများအား အသုံးပြုနေသော ပြည်သူများ အား လုံး နေ့ပိုင်းကားမှန်ဖွင့်မောင်းနှင်ရန်နှင့် ညပိုင်းကားအတွင်းမီးထွန်း မောင်းနှင်ပေးကြရန် အသိပေးကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(WPDF) သည် ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် မပေါ်ထွက်လာမီ ကာလအတွင်း ပြည်သူတို့ကို ကာကွယ်ရန် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ နောက်လိုက် ငယ်သားများကို မြို့တွင်းနှင့် မြို့ပြင်ပ လမ်းများတွင် တိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း WPDFက ယနေ့ ဇူလိုင် ၁၄ရက်တွင်ထုတ်ပြန်သည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသ လမ်းပိုင်းများအား အသုံးပြုနေသော ပြည်သူများ အား လုံး နေ့ပိုင်းကားမှန်ဖွင့်မောင်းနှင်ရန်နှင့် ညပိုင်းကားအတွင်းမီးထွန်း မောင်းနှင်ပေးကြရန် အသိပေးကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထိုသို့ မလုပ်ဆောင်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ နောက်လိုက် ငယ်သားများဟု မှားယွင်း သွားမိပြီး ပြည်သူတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် မြို့နေပြည်သူများ၊ ရွာနေ ပြည်သူများ ကားဖြင့် သွားလာရာတွင် သတိကြီးစွာ ထားရှိပြီး နေ့ပိုင်း ကားမှန်ဖွင့်မောင်းနှင်ခြင်း နှင့် ညပိုင်း ကားအတွင်း မီးထွန်း၍ မောင်းနှင်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်း WPDFက ထုတ်ပြန် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook