Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကိုတိုက်ရန် PDFများအပါအဝင် တိုက်ခိုက်ရေးအစုအဖွဲ့များ စနစ်တကျစုဖွဲ့ရန်လိုဟု KNDF ပြော-ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို လက်နက်ကိုင်နည်းဖြင့်တိုက်ယူရမည်ဟုဆို

ထိရောက်သော စစ်ရေးအင်အားဖြစ်ရန်၊ တိကျသော ထိန်းကျောင်းမှုနှင့် အမိန့်ပေးမှု၊ အရေးတော်ပုံ အောင် မြင်ပြီးမြောက်ပါက လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖွဲ့ဝင်များပြန်လည်ပေါင်းစည်းခြင်း စသည်တို့ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းအထိ မူဝါဒများကို ပြည့်စုံစွာပြင်ဆင်ထားရန်လည်း အရေးကြီးကြောင်း KNDFကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် မြို့နယ်အသီးသီး ကျေးရွာအသီးသီရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တိုက်ခိုက်ရေးအဖွဲ့များကို စနစ်တကျ စုဖွဲ့ ရန်လိုအပ်ကြောင်းကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ယနေ့ သတင်းထုတ်ပြန်သည်။

KNDF ၏ လားရာနှင့် ဦးတည်ချက်များကို ယနေ့ ထုတ်ပြန်ရာတွင် အထက်ပါအတိုင်းထည့်သွင်း ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုနှစ် ဖေဖော်ဝါရီ ၁ရက်စစ်တပ်အာဏာသိမ်းယူသည့် အချိန်မှစ၍ ကရင်နီဒေသရှိ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ကျေးရွာအသီးသီးရှိ ပြည်သူများသည် စစ်ပညာလေ့ကျင့်ပြီး ဖြစ်လာမည့် စစ်ပွဲ အတွက် ပြင်ဆင်နေခဲ့ကြကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို ဒီမိုက ရေစီနှင့် လူ့အခွင့်အရေး ပြန်လည်ရရှိရေးတောင်းဆိုရာတွင် အကြမ်းမဖက်၊ အနုနည်းဖြင့် တောင်း ဆို၍ မရတော့ဘဲ လက်နက်ကိုင် တော်လှန်ရေးနည်းဖြင့်တိုက်ယူရတော့မည်ဖြစ်ကြောင်း KNDFက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်မှုများကို ဆန့်ကျင်တော် လှန်သည့်အနေဖြင့် မေလ(၂၀)ရက်နေ့တွင် ကရင်နီပြည် ၊ ဒီမောဆိုမြို့နယ်တွင် တိုက်ပွဲများစတင်ဖြစ် ပွားရာမှအစပြု၍ လွိုင်ကော်မြို့နယ်၊ ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲတို့တွင်လည်း တိုက်ပွဲများဆက် လက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

မြို့နယ်အသီးသီးနှင့် ကျေးရွာအုပ်စုအသီးသီးတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ဖွဲ့စည်းခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကို ကိုယ်စီတွန်းလှန်တိုက်ခိုက်ခဲ့ကြကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သော်လည်း စနစ်ကျသော စစ်ရေးဗျူဟာ ကွပ်ကဲမှု အားနည်းခဲ့သဖြင့် စစ်ရေးအရ အပြီးသတ်အောင်မြင်မှုမရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များနှင့် ပြန့်ကျဲနေသော တိုက်ခိုက်ရေးအစုအဖွဲ့များကို စနစ်တကျ ပြန်လည်စုစည်းနိုင်ရန် လိုအပ်ကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ စစ်ကောင်စီတပ်အား ရင်ဆိုင်ရန် တပ်ဖွဲ့များစုစည်းပြီး လက်နက်ကိုင်စွဲခြင်း၏ နောက်ဆက်တွဲတာဝန်နှင့် ဖြေရှင်းရန် လုပ်ငန်းများစွာ လိုအပ်သဖြင့် စနစ်တကျ စုစည်းခြင်းသည် အလွန်အရေးကြီးကြောင်း ဖော်ပြထားသည်။

ထိရောက်သော စစ်ရေးအင်အားဖြစ်ရန်၊ တိကျသော ထိန်းကျောင်းမှုနှင့် အမိန့်ပေးမှု၊ အရေးတော်ပုံ အောင် မြင်ပြီးမြောက်ပါက လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖွဲ့ဝင်များပြန်လည်ပေါင်းစည်းခြင်း စသည်တို့ကဲ့သို့သော လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းအထိ မူဝါဒများကို ပြည့်စုံစွာပြင်ဆင်ထားရန်လည်း အရေးကြီးကြောင်း KNDFကဆိုသည်။

လက်ရှိ ကရင်နီပြည် (ကယားပြည်နယ် နှင့် ကယန်းဒေသ) အတွင်းရှိ တော်လှန်ရေးအဖွဲ့အသည်းများဖြစ်သောKNPP, KNLP, KNPLF, KNPDP, KNSO တို့၏ စုပေါင်းလမ်းညွှန်မှုအောက်တွင် ပေါင်းစည်းထားသည့် စုပေါင်းတပ် ဖြစ်ရန်လည်း အရေးကြီးကြောင်း၊ အထူး သဖြင့် လူထုထောက်ခံမှုဖြင့်ဖွဲ့စည်းမည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ PDF အဖြစ်တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ခိုင်မာသော စိတ်ထားနှင့် ညီညွတ်မှုဖြင့် အာဏာရှင်ကို ရင်ဆိုင်တိုက်ခိုက် အောင်မြင်ပြီး အနာဂတ်တွင် ပြည်သူအယောက်စီလုံခြုံပြီး လွတ်လပ်ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်းကို ပြန်လည်ဖန်တီးရယူနိုင်ရမည်ဖြစ်သည်ဟု KNDFကဆိုသည်။

KNDFသည် လူမျိုးတစ်ခု၊ ဒေသတစ်ခု နှင့် နိုင်ငံရေးအယူဝါဒ တစ်ခုအတွက် တိုက်ပွဲဝင်သည့်တပ်ဖွဲ့မဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ အာဏာရှင်စနစ်အပြီးတိုင်ဖျက်သိမ်းရေး၊ ပြည်သူလူထုဘဝလုံခြုံရေးအတွက် တိုက်ပွဲဝင်သွား ရေးကို အဓိကဦးတည်ရမည်ဖြစ်ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။