Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်သက်တမ်းမကြာနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဆို

ဒီနေ့ဟာ ၇၄ နှစ်မြောက် အာဇာနည်နေ့ဖြစ်ပြီး လန်ဒန်မှာ ပြည်ပရောက်မြန်မာတွေ စုရုံးကာ အာဇာနည်နေ့ကိုကျင်းပခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့သားငယ် တက်ရောက်ခဲ့တာပါ။

ပြည်သူတွေရဲ့ ကြိုးပမ်းမှု အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားပေးကူညီမှုတွေကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်တမ်းကြာနိုင်မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် ကင်မ်က ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာပြောလိုက်ပါတယ်။

ဒီနေ့ဟာ ၇၄ နှစ်မြောက် အာဇာနည်နေ့ဖြစ်ပြီး လန်ဒန်မှာ ပြည်ပရောက်မြန်မာတွေ စုရုံးကာ အာဇာနည်နေ့ကိုကျင်းပခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့သားငယ် တက်ရောက်ခဲ့တာပါ။

အဲဒီအခမ်းအနားမှာ ကိုထိန်လင်းက အဖိုးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေကို ဂါဝရပြုကြောင်းနဲ့ မြန်မာပြည်သူ လူထုအတွက် အားပေးစကားပြောခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။