Connect with us

Hi, what are you looking for?

News

စစ်ကြောင်းမိုင်းနင်းမိပြီးနောက် စစ်ကောင်စီတပ်က KIA နယ်မြေသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

“အရင်က တိုက်ပွဲတွေဖြစ်တဲ့အလော့ဘွမ်ဝန်းကျင်လောက်ကို ခရာဘွမ်၊ နောက်ပြီးတော့ ဒေါ့ဖုန်းယန် လက်နက်ကြီးတပ်တွေပေါ့ သူတို့ကနေ ၁၂၀ နဲ့ ပစ်တာရှိပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြိုကအနီးသို့ အာဏာသိမ်းစစ်တပ်က ယမန်နေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

“မနေ့က နေ့လည်လောက်မှာ KIA က လုံခြုံရေးမိုင်းတွေထောင်ထားတာကို စစ်ကောင်စီဘက်က တပ်လှုပ်ရှားနေလို့ သူတို့က အဲဒီတွေကို နင်းမိလို့ ပေါက်ကွဲသွားတဲ့ အနေအထားရှိတယ်။
အဲဒါကြောင့် သူတို့ဘက်က ကျွန်တော်တို့ KIA တပ်စခန်းရှိတဲ့ဘက်မှာ ၆၀ မမတို့ ၁၂၀ တို့နဲ့ ည ၇နာရီ ဝန်းကျင်လောက်မှာ ပစ်ခတ်တာရှိပါတယ်” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ပြောကြားသည်။

လိုင်ဇာမြို့တွင်းသို့ ပစ်ခတ်ခြင်းမဟုတ်ဘဲ KIA တပ်ရင်း ၂၄နယ်မြေသို့ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှုမရှိသကဲ့သို့ KIAဘက်က တုံ့ပြန်တိုက်ခိုက်ခြင်းလည်းမရှိကြောင်း ၎င်း ကဆိုသည်။

“အရင်က တိုက်ပွဲတွေဖြစ်တဲ့အလော့ဘွမ်ဝန်းကျင်လောက်ကို ခရာဘွမ်၊ နောက်ပြီးတော့ ဒေါ့ဖုန်းယန် လက်နက်ကြီးတပ်တွေပေါ့ သူတို့ကနေ ၁၂၀ နဲ့ ပစ်တာရှိပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် KIA အနေဖြင့် စစ်ကောင်စီ တပ်စွဲထားသည့် အလောဘွမ် တပ်စခန်း အပါအဝင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။