Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်-ကမမောင်းလမ်းကို KNU တပ်မဟာ(၅) ပြန်လည်ပိတ်ပင်

ထိုသို့ ပိတ်ပင်ထားသည့် လမ်းကို မည်သူမျှမသွားမလာရန် နှင့် အကယ်၍ မလိုက်နာဘဲ သွားလာခဲ့၍ တစ်စုံတခု ဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ လမ်းပိုင်းပိတ်ပင်ကန့်သတ်မှုသည် နောက်ထပ် အမိန့်မထုတ်ပြန်မချင်း အသက်ဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(KNU တပ်မဟာ (၅)နယ်မြေရှိ လမ်းပိုင်းတစ်ရာ၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည်ကို ပြီးခဲ့သည့်လပိုင်းက ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က လွန်ခဲ့သည့် တစ်လခန့်က ဖွင့်လှစ်ပေးခဲ့သည့် ဖာပွန်- ကမမောင်း လမ်းပိုင်းကို ဇူလိုင် ၂၀ရက်ကစ၍ ပြန်လည်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ယနေ့ထုတ်ပြန်သည်။

စစ်ရေးအခြေအနေအရ ပိတ်ထားသည့် အဆိုပါလမ်းကို လူထု၏ သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် ဇွန်လ ၁၉ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

ယင်းလမ်းပြန်ဖွင့်ပေးပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့၏ မြို့မှ တက်လာသည့် ဝန်ထမ်းများတွင် COVID-19 ရောဂါကူးစက်ပါလာသဖြင့် ဖာပွန်မြို့တွင် ယခင်က ကူးစက်မှုမရှိခဲ့သည့် ကပ်ရောဂါသည် ယခုအခါ ၁၀၀ ခန့်ရှိလာကြောင်း တပ်မဟာ(၅)က ထုတ် ပြန်သည်။

ထို့ကြောင့် ရောဂါကူးစပ်မှု ထပ်မံမတိုးပွားရန်နှင့် လျော့ ကျပြီး ပျောက်ကွယ်သွားရန်၊ ရောဂါကာကွယ်တားဆီးရန် တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းအား ကန့်သတ်တားမြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဇူလိုင် ၂၀ရက်မှစ၍ ဖာပွန်-ကမမောင်းလမ်းပိုင်းအား ကန့်သတ်ပိတ်ပင်လိုက်ကြောင်း KNU တပ်မဟာ(၅)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပိတ်ပင်ထားသည့် လမ်းကို မည်သူမျှမသွားမလာရန် နှင့် အကယ်၍ မလိုက်နာဘဲ သွားလာခဲ့၍ တစ်စုံတခု ဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ လမ်းပိုင်းပိတ်ပင်ကန့်သတ်မှုသည် နောက်ထပ် အမိန့်မထုတ်ပြန်မချင်း အသက်ဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဖာပွန်-ကမမောင်းလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တို့က KNU တပ်မဟာ(၅)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများ တိုး၍ ပြုလုပ်လာ၍ တိုက်ပွဲများ ယခင်ထက် ပိုမိုဖြစ်ခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။