Connect with us

Hi, what are you looking for?

News

ဖာပွန်-ကမမောင်းလမ်းကို KNU တပ်မဟာ(၅) ပြန်လည်ပိတ်ပင်

ထိုသို့ ပိတ်ပင်ထားသည့် လမ်းကို မည်သူမျှမသွားမလာရန် နှင့် အကယ်၍ မလိုက်နာဘဲ သွားလာခဲ့၍ တစ်စုံတခု ဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ လမ်းပိုင်းပိတ်ပင်ကန့်သတ်မှုသည် နောက်ထပ် အမိန့်မထုတ်ပြန်မချင်း အသက်ဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

(KNU တပ်မဟာ (၅)နယ်မြေရှိ လမ်းပိုင်းတစ်ရာ၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရသည်ကို ပြီးခဲ့သည့်လပိုင်းက ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က လွန်ခဲ့သည့် တစ်လခန့်က ဖွင့်လှစ်ပေးခဲ့သည့် ဖာပွန်- ကမမောင်း လမ်းပိုင်းကို ဇူလိုင် ၂၀ရက်ကစ၍ ပြန်လည်ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ယနေ့ထုတ်ပြန်သည်။

စစ်ရေးအခြေအနေအရ ပိတ်ထားသည့် အဆိုပါလမ်းကို လူထု၏ သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် ဇွန်လ ၁၉ရက်တွင် ဖွင့်လှစ်ပေးခဲ့သည်။

ယင်းလမ်းပြန်ဖွင့်ပေးပြီးနောက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့၏ မြို့မှ တက်လာသည့် ဝန်ထမ်းများတွင် COVID-19 ရောဂါကူးစက်ပါလာသဖြင့် ဖာပွန်မြို့တွင် ယခင်က ကူးစက်မှုမရှိခဲ့သည့် ကပ်ရောဂါသည် ယခုအခါ ၁၀၀ ခန့်ရှိလာကြောင်း တပ်မဟာ(၅)က ထုတ် ပြန်သည်။

ထို့ကြောင့် ရောဂါကူးစပ်မှု ထပ်မံမတိုးပွားရန်နှင့် လျော့ ကျပြီး ပျောက်ကွယ်သွားရန်၊ ရောဂါကာကွယ်တားဆီးရန် တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့်တစ်ရွာ သွားလာခြင်းအား ကန့်သတ်တားမြစ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဇူလိုင် ၂၀ရက်မှစ၍ ဖာပွန်-ကမမောင်းလမ်းပိုင်းအား ကန့်သတ်ပိတ်ပင်လိုက်ကြောင်း KNU တပ်မဟာ(၅)က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပိတ်ပင်ထားသည့် လမ်းကို မည်သူမျှမသွားမလာရန် နှင့် အကယ်၍ မလိုက်နာဘဲ သွားလာခဲ့၍ တစ်စုံတခု ဖြစ်ခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ လမ်းပိုင်းပိတ်ပင်ကန့်သတ်မှုသည် နောက်ထပ် အမိန့်မထုတ်ပြန်မချင်း အသက်ဝင်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဖာပွန်-ကမမောင်းလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တို့က KNU တပ်မဟာ(၅)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများ တိုး၍ ပြုလုပ်လာ၍ တိုက်ပွဲများ ယခင်ထက် ပိုမိုဖြစ်ခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook