Connect with us

Hi, what are you looking for?

LuduNwayOo

News

ဦး​မော်ထွန်း​အောင်ကို NUG က လျှပ်စစ်၊ စွမ်းအင် ဒုဝန်ကြီးအဖြစ် ခန့်အပ်

ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားဒီမိုက​ရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်​တော်မဲဆန္ဒနယ် အမှတ်( ၅ )တွင်ဝင်​ရောက် ယှဥ်ပြိုင်ခဲ့သူဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြုခန့်အပ်တာဝန်​ပေးလိုက်​ကြောင်း ယ​နေ့သတင်းထုတ်ပြန်သည်။

ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားဒီမိုက​ရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်​တော်မဲဆန္ဒနယ် အမှတ်( ၅ )တွင်ဝင်​ရောက် ယှဥ်ပြိုင်ခဲ့သူဖြစ်သည်။ တွင်းထွက် သဘာဝသယံဇာတနှင့် ပတ်သပ်၍ပညာရှင်လူငယ်တစ်ဦးဖြစ်​သော ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင်လူသိ့များပြီး ​ရွေး​ကောက်ပွဲတွင် အကြိတ်အနယ်ယှဥ်ပြိုင်နိုင်ခဲ့ပြီး အနိုင်ရ အမတ်​နှင့်မဲ အနည်းငယ်သာကွာဟခဲ့သည်။

သို့​သော် ၎င်းယှဥ်ပြိုင်​သော မဲဆန္ဒနယ်တွင် အငြင်းပွားမှုများရှိသဖြင့် ဦး​မော်ထွန်း​အောင်သည် ​ရွေး​ကောက်ပွဲ​ကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းထားသည်။

စစ်အာဏာသိမ်းမှု ကြုံ​တွေ့ခဲ့ပြီး​နောက်​တောက်​လျှောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်​​တော်လှန်​နေပြီး ပြည်သူနှင့်အတူရပ်တည်​နေသူဖြစ်သည်။