Connect with us

Hi, what are you looking for?

News

ဦး​မော်ထွန်း​အောင်ကို NUG က လျှပ်စစ်၊ စွမ်းအင် ဒုဝန်ကြီးအဖြစ် ခန့်အပ်

ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားဒီမိုက​ရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်​တော်မဲဆန္ဒနယ် အမှတ်( ၅ )တွင်ဝင်​ရောက် ယှဥ်ပြိုင်ခဲ့သူဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြုခန့်အပ်တာဝန်​ပေးလိုက်​ကြောင်း ယ​နေ့သတင်းထုတ်ပြန်သည်။

ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားဒီမိုက​ရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားပြု၍ ရှမ်းပြည်နယ် အမျိုးသား လွှတ်​တော်မဲဆန္ဒနယ် အမှတ်( ၅ )တွင်ဝင်​ရောက် ယှဥ်ပြိုင်ခဲ့သူဖြစ်သည်။ တွင်းထွက် သဘာဝသယံဇာတနှင့် ပတ်သပ်၍ပညာရှင်လူငယ်တစ်ဦးဖြစ်​သော ဦး​မော်ထွန်း​အောင်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲတွင်လူသိ့များပြီး ​ရွေး​ကောက်ပွဲတွင် အကြိတ်အနယ်ယှဥ်ပြိုင်နိုင်ခဲ့ပြီး အနိုင်ရ အမတ်​နှင့်မဲ အနည်းငယ်သာကွာဟခဲ့သည်။

သို့​သော် ၎င်းယှဥ်ပြိုင်​သော မဲဆန္ဒနယ်တွင် အငြင်းပွားမှုများရှိသဖြင့် ဦး​မော်ထွန်း​အောင်သည် ​ရွေး​ကောက်ပွဲ​ကော်မရှင်သို့ ကန့်ကွက်လွှာတင်သွင်းထားသည်။

စစ်အာဏာသိမ်းမှု ကြုံ​တွေ့ခဲ့ပြီး​နောက်​တောက်​လျှောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်​​တော်လှန်​နေပြီး ပြည်သူနှင့်အတူရပ်တည်​နေသူဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook