Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ကိုဖိအားပေးဖို့ ကုလလုံခြုံရေးကောင်စီကို အမေရိကန်တိုက်တွန်း

ာလေလေ၊ လူတွေ ပိုသေလေလေပါပဲ” လို့ ကုလဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် Jeffrey DeLaurentis က ပြောပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ရေးနဲ့ ဒီမိုကရေစ်လမ်း ကြောင်းပေါ်ပြန်သွားရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကိုဖိအားပေးဖို့ အမေရိကန်အကြီးတန်းသံတမန်တစ်ဦးက တိုက်တွန်းပြောဆိုပါတယ်။

မနေ့က ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ကမကထပြုကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲမှာ အမေရိကန်အကြီးတန်းသံတမန်က ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ကြန့်ကြာလေလေ၊ လူတွေ ပိုသေလေလေပါပဲ” လို့ ကုလဆိုင်ရာ အမေရိကန်ဒုတိယသံအမတ် Jeffrey DeLaurentis က ပြောပါတယ်။

အာဏာသိမ်းတဲ့ လွန်ခဲ့တဲ့ ၆ လက စလို့ မြန်မာစစ်တပ်ရဲ့ လူမဆန်မှုနဲ့ စီမံခန့်ခွဲမှုကျရှုံးမှုတွေရဲ့ တိုက်ရိုက်အကျိုး ရလဒ်ကြောင့် မြန်မာဟာ ကိုဗစ်လူနာတွေ့ရှိမှု တစ်ရှိန်ထိုးတက်ခဲ့ပြီး ဆိုးရွားတဲ့ကျန်းမာရေးကပ်ဘေးကို ရင်ဆိုင် နေရတာ ဖြစ်တယ်လို့ အမေရိကန်သံအမတ်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ နှိမ်နင်းမှုတွေရဲ့ နောက်ဆက် တွဲအဖြစ် ပြည်သူ သိန်းနဲ့ချီကာ ထွက်ပြေးတိမ်းရှောင် နေရပြီး နောက်ထပ် ပြည်သူ ၂ ဒသမ ၈ သန်းလောက်အထိ အစာရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အွန်လိုင်းက ကျင်းပတဲ့ ကုလလုံခြုံရေးကောင်စီရဲ့ အဲဒီအလွတ်ဆွေးနွေးပွဲကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးနဲ့ ကချင်ကြားဖြတ်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)အထွေထွေအတွင်းရေးမှူး ဂွမ်ဆန်းအဲန်စန်းတို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။