-အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီး၍ လူငယ်အချို့ဖမ်းဆီးခံရ
ရန်ကုန်မြို့ တာမွေမြို့နယ် သဓိပဌာန်လမ်း၌ ပြုလုပ်သည့် စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်ကို အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းရာ ဆန္ဒပြလူငယ်အချို့ ဖမ်းဆီးခံခဲ့ရသည်။
ယနေ့ညနေပိုင်းတွင် တကသကျောင်းသားများဦးဆောင်သော သပိတ်စစ်ကြောင်းမှာ စတင်ထွက်ခွာစဥ် ဖြိုခွင်းခံရခြင်းဖြစ်သည်။
ဆန္ဒပြလူငယ်အချို့ ဖမ်းဆီးခံရမှုရှိခဲ့ပြီး မည်မျှဖမ်းဆီးခံရသည်ကို မသိရသေးပေ။